မိမိပုံစံတူ AI Avatar တွေသုံးပြီး Video တွေလုပ်ခဲ့တဲ့ ထိပ်တန်းနည်းပညာ CEO ကြီးတွေ

မိမိပုံစံတူ AI Avatar တွေသုံးပြီး Video တွေလုပ်ခဲ့တဲ့ ထိပ်တန်းနည်းပညာ CEO ကြီးတွေ

ပုံမှာတွေ့နေရတဲ့ Klarna ရဲ့ CEO ဖြစ်သူ Sebastian Siemiatkowski က လူအစစ်မဟုတ်ဘဲ AI Avatar တစ်ယောက်ပဲဖြစ်ပါတယ်။ 

Sebastian ဟာ 2025 ရဲ့ ပထမ ၃ လပတ်အတွင်း ကုမ္ပဏီရဲ့ ဝင်ငွေရလဒ်အချို့ကို ရှင်းပြထားတဲ့ ၁ မိနစ်ခွဲစာ Video ကို မျှဝေခဲ့ပါတယ်။ ဒီမှာဘာထူးခြားသလဲဆိုတော့ video ထဲမှာ ရှင်းပြနေတဲ့ Klarna ရဲ့ CEO ဖြစ်သူဟာ လူအစစ်မသုံးထားပဲ ပုံစံတူ AI Avatar ဖြစ်နေခဲ့တာပါ။ 

 Video ထဲမှာဆိုရင်လည်း “ဒါက ကျွန်တော်နဲ့အတော်လေးကို တူညီတဲ့ AI Avatar ပဲဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ Klarna ကုမ္ပဏီဟာ လုပ်ငန်းခွင်အတွင်း  AI နည်းပညာကို အတော်လေးအသုံးပြုဖြစ်တဲ့အပြင် AI ရဲ့ လုပ်ဆောင်နိုင်မှုကြောင့် ဝန်ထမ်းလျော့ချခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ Klarna ဆိုတဲ့ ကုမ္ပဏီက Buy Now Pay Later ဆိုတဲ့ ဝန်ဆောင်မှုရှိတဲ့ အွန်လိုင်းဈေးဝယ် နည်းပညာကုမ္ပဏီကြီးတစ်ခုပါ။

ဒီလိုမျိုး ကုမ္ပဏီနဲ့ပတ်သက်တဲ့ Video တွေ ဖော်ပြတဲ့အခါ CEO တွေကိုယ်တိုင်မလုပ်ပဲ AI Avatar တွေကို အစားထိုးခဲ့ကြတဲ့အထဲမှာ Zoom CEO လည်း အပါအဝင်ပါပဲ။ Zoom CEO Eric Yuan ကလည်း မကြာသေးခင်ကပဲ ကုမ္ပဏီရဲ့ ရှင်းလင်းချက်တစ်ချို့ကို ၎င်းနဲ့ပုံစံတူ AI Avatar ကို သုံးပြီး Video တစ်ခုအနေနဲ့‌ ဖော်ပြခဲ့ပါသေးတယ်။ Video မှာဆိုရင် "created with Zoom AI Companion" ဆိုတဲ့ စာတန်းကလည်း ထင်ရှားစွာ ဖော်ပြထားပါတယ်။

Zoom CEO Eric Yuan ကတော့ "ကျွန်တော် တကယ်ပဲ ကျွန်တော့်ရဲ့ AI မှထုတ်လုပ်တဲ့ အသွင်သဏ္ဍာန်ကို နှစ်သက်ပါတယ်” နောက်ပြီး "ကျွန်တော်တို့ AI Avatar ကို ဆက်သုံးသွားဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ပြောနိုင်တာက အဲဒီအတွေ့အကြုံကို အရမ်းကြိုက်ပါတယ်။” ဆိုပီး ပြောကြားခဲ့ပါတယ်။ 

AI Avatar, AI Assistant တွေဟာဆိုရင် လူသားတစ်ယောက်လိုပဲ အသွင်အပြင်ရှိပြီး ညွှန်ကြားထားတဲ့အတိုင်း တစ်ထပ်တည်း လုပ်ဆောင်နိုင်ကြတယ်။ ဒါကြောင့် နည်းပညာ CEO အချို့က အသုံးပြုလာတွေ တွေ့ရပါတယ်။ ဒီပုံစံအတိုင်းဆို Meeting တွေမှာ AI Avatar တွေပဲ တွေ့ရတော့မယ့် ခေတ်ကို ရောက်လာတော့မယ်လို့ ထင်ရတာပါပဲ။ 

Read more

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ