အလှမယ်ပြိုင်ပွဲများ - ခေတ်နောက်ကျနေသော စီးပွားရေးပုံစံနှင့် ငွေကြေးအခက်အခဲများ

အလှမယ်ပြိုင်ပွဲများ - ခေတ်နောက်ကျနေသော စီးပွားရေးပုံစံနှင့် ငွေကြေးအခက်အခဲများ

နှစ်ပေါင်း ၇၀ ကျော် သမိုင်းရှိခဲ့သော အလှမယ်ပြိုင်ပွဲများသည် ဒစ်ဂျစ်တယ်ခေတ်တွင် ရပ်တည်ရန် ခက်ခဲလာနေပြီဖြစ်သည်။ Nielsen Media Research ၏ ထုတ်ပြန်ချက်အရ Miss Universe ပြိုင်ပွဲ၏ ကြည့်ရှုသူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၈.၈ သန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂.၄ သန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။ Miss Universe ပြိုင်ပွဲသည် ၁၉၉၆ မှ ၂၀၁၅ ခုနှစ်အထိ Donald Trump ၏ လက်အောက်တွင် ရှိခဲ့ပြီး၊ နောက်ပိုင်းတွင် IMG/WME က ဒေါ်လာသန်း ၃၀ ဖြင့် ဝယ်ယူခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံအခြေစိုက် JKN Global Group က ဒေါ်လာသန်း ၂၀ ဖြင့် ထပ်မံဝယ်ယူခဲ့သည်။ သို့သော် တစ်နှစ်အတွင်းမှာပင် ကုမ္ပဏီသည် ဒေါ်လာ ၁၂ သန်းတန် ချေးငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိဘဲ ရှယ်ယာစျေးနှုန်းများ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မက္ကဆီကိုအခြေစိုက် Legacy Holdings သို့ အစုရှယ်ယာ ထက်ဝက်ကို ရောင်းချခဲ့ရသည်။ အစ္စရေးနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်များကတည်းက ကျင်းပခဲ့သော Miss Israel ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ Miss Israel ဟောင်း Sivan Klein က "အလှမယ်ပြိုင်ပွဲတွေဟာ ခေတ်နောက်ကျနေပြီး ရပ်ဆိုင်းသင့်ပါပြီ။ ဘီကီနီဝတ်ထားတဲ့ အမျိုးသမီးတွေကို နိုင်ငံတကာရေးရာ မေးခွန်းတွေ မေးနေတာဟာ အဓိပ္ပါယ်မဲ့နေပါတယ်" ဟု The Times of Israel သို့ ပြောကြားခဲ့သည်။ အစ္စရေး၊ ဆွီဒင်နှင့် ကာဇက်စတန်တို့သည် အလှမယ်ပြိုင်ပွဲများကို အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် စီးပွားရေးအမြတ်ထုတ်မှုဟု ယူဆကာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ပေ။ ၂၀၂၃ ခုနှစ် Miss Universe ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈၄ နိုင်ငံသာ ကျန်ရှိတော့သည်။ Forbes မဂ္ဂဇင်း၏ လေ့လာတွေ့ရှိချက်အရ ယခုအခါ Instagram influencer များ၏ တစ်ပတ်စာဝင်ငွေသည် Miss Universe ဆုရှင်တစ်ဦး၏ တစ်လစာဝင်ငွေထက် များပြားနေပြီဖြစ်သည်။ အမျိုးသမီးများသည် လူမှုကွန်ယက်မီဒီယာများမှတစ်ဆင့် မိမိတို့၏ ပင်ကိုယ်စွမ်းရည်နှင့် အလှတရားကို ပိုမိုလွတ်လပ်စွာ ဖော်ပြလာနိုင်ကြပြီဖြစ်သည်။

ရေးသားသူအကြောင်း မအိမွန်စိုး သည် အမျိုးသမီးအခွင့်အရေးဆိုင်ရာ သုတေသနပြုလုပ်သူတစ်ဦးဖြစ်သည်။ ကိုးကား • The Times of Israel (၂၀၂၂) • Nielsen Media Research (၂၀၂၂) • Forbes Magazine (၂၀၂၃) • ABC News (၂၀၂၄) • Bangkok Post (၂၀၂၃)

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ