Xiaomi သည် ၎င်း၏ ဒုတိယမြောက်မျိုးဆက်လျှပ်စစ်ကားဖြစ်သည့် YU7 SUV ကို ဘေဂျင်းမှာ ပြပွဲကျင်းပပြုလုပ်ခဲ့ရာ တရားဝင်မိတ်ဆက်ခဲ့ပြီး ၃ မိနစ်အကြာတွင် အစီးရေ ၂၀၀,၀၀၀ ကျော်အမှာစာရရှိကြောင်းကြေညာခဲ့သည်။ YU7 က ယွမ် 253,500 (ဒေါ်လာ 35,300 ခန့်) မှဈေးစတင်ပြီး၊ Tesla Model Y ထက် ယွမ် 10,000 (ဒေါ်လာ 1,400 ခန့်) သက်သာသည်။

ဝယ်ယူသူများသည် deposit အနေဖြင့် ယွမ် 5,000 (ဒေါ်လာ 700) ဖြင့်ကြိုတင်မှာယူနိုင်ပြီး အဆိုပါ deposit ကိုပြန်အမ်းပေးမှာလို့လဲဆိုထားပါတယ်။ ယွမ် 20,000 ပေးသွင်းပြီးမှာယူပါက စောစီးစွာ လက်ဝယ်ရောက်ရှိမယ်လို့သိရပါတယ်။

Xiaomi CEO ဖြစ်သူ Lei Jun ပြောကြားသည်မှာ YU7 အတွက် order လက်ခံရရှိမှုသည် 2024 ခုနှစ်တွင် မိတ်ဆက်ခဲ့သော SU7 sedan ထက် ၃ဆ များနိုင်သည်ဟုခန့်မှန်းထားသည်။ SU7 သည် မိတ်ဆက်ပြီး ပထမ 24 နာရီအတွင်းမှာ အမှာစာ 90,000 ခန့် ရရှိခဲ့သည်ဟုပြောကြားခဲ့ပါသည်။YU7 ကို Standard, Pro နှင့် Max ဗားရှင်းသုံးမျိုးဖြင့် ပေါက်ဈေး ယွမ် 253,500 နှင့် 329,900 ($35,300 မှ $46,000) ကြားရှိသည်။

Standard version တွင် အကွာအဝေး 830 ကီလိုမီတာနှင့် 96.3 kWh LFP ဘက်ထရီပါရှိသော Rear wheel drive မောင်းနှစ်စနစ်ဖြစ်ပြီး 0 ကနေ 100 km/h ကို 5.88 စက္ကန့်အတွင်း မောင်းနှင်နိုင်ပါတယ်။Pro သည် 770 ကီလိုမီတာ အကွာအဝေးနှင့် စွမ်းအားပိုရှိသော All wheel drive ဖြစ်သည်။Max ဗားရှင်းသည် မြင်းကောင်ရေ 681 ကောင်၊ 760 ကီလိုမီတာ အကွာအဝေးနှင့် 100 km/h ကို 3.23 စက္ကန့်အတွင်း အရှိန်မြှင့်မောင်းနှင်နိုင်သည် ဟုသိရသည်။

Modena ပလပ်ဖောင်းပေါ်တွင်တည်ဆောက်ထားသော YU7 သည် အမြန်အားသွင်းစနစ်ပါရှိသော ၅ ယောက်အထိစီးနင်းနိုင်သော SUV ကားဖြစ်သည်။Charging ပိုင်းမှာလဲ 10% မှ 80% ကို 12 မိနစ်အတွင်းသာအားသွင်းနိုင်သည်။ ၎င်းသည် ယခုနှစ်တွင် တရုတ်နိုင်ငံတွင် ရောင်းချမှု 24% ကျဆင်းသွားသည့် Tesla ၏ Model Y အတွက် အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာသည်။အခြားအဓိကပြိုင်ဖက်များမှာ BYD Sealion 07၊ Zeekr 7X၊ Xpeng G7 နှင့် Onvo L60 တို့ဖြစ်သည်။