မန်စီးတီးအသင်းရဲ့အဖွင့်ဂိုးမှာ အမှားလုပ်ခဲ့တဲ့ ဂိုးသမားမာတီနက်ဇ်ကို အက်စတွန်ဗီလာ ပရိသတ်တွေဒေါသထွက်

မန်စီးတီးအသင်းရဲ့အဖွင့်ဂိုးမှာ အမှားလုပ်ခဲ့တဲ့ ဂိုးသမားမာတီနက်ဇ်ကို အက်စတွန်ဗီလာ ပရိသတ်တွေဒေါသထွက်

မန်စီးတီးအသင်းက အက်စတွန်ဗီလာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်လူဘာနာဒိုဆေးလ်ဗားသွင်းယူခဲ့တဲ့အဖွင့်ဂိုးမှာ အမှားအယွင်းလုပ်ခဲ့တဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို အက်စတွန်ဗီလားပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။

ဘာနာဒိုဆေးလ်ဗားရဲ့ကန်သွင်းမှုဟာ တည့်တည့်ရောက်လာတဲ့အတွက် မာတီနက်ဇ်အနေနဲ့ ကာကွယ်နိုင်ခဲ့သင့်ပေမယ့် သူ့ရဲ့ညံ့ဖျင်းတဲ့ ကာကွယ်မှုကြောင့် ဘောလုံးဟာ ဂိုးထဲဝင်သွားခဲ့ပြီး မန်စီးတီးအသင်းကို ဦးဆောင်ဂိုးခွင့်ပြုခဲ့ရတာပါ။

အက်စတွန်ဗီလာပရိသတ်တွေဟာ ဂိုးသမားမာတီနက်ဇ်ရဲ့အမှားအတွက် ဒေါသဖြစ်ခဲ့တာကို သူတို့ရဲ့ဆိုရှယ်မီဒီယာ X မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက "မာတီနက်ဇ်ဟာ မိုက်မဲလွန်းပြီး အပတ်တိုင်းတူညီတဲ့ အမှားတွေကို ပြုလုပ်နေတယ်"လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက "မာတီနက်ဇ်ဟာ ထိပ်တန်း(၅)ဦးထဲမှာတောင် မပါဝင်ဘဲ ကိုပါအမေရိကမှာ ပယ်နယ်တီကာကွယ်တာကလွဲပြီး သာမန်ပါပဲ"လို့ ရေးသားကာ နောက်တစ်ဦးက "မာတီနက်ဇ်အနေနဲ့ ဒီလိုမျိုးပြုလုပ်တာဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး၊ ဒါကို သူကာကွယ်နိုင်ခဲ့သင့်ပါတယ်"လို့ ရေးသားဝေဖန်ခဲ့ကြတာပါ။

အက်စတွန်ဗီလာအသင်းဟာ မာတီနက်ဇ်ရဲ့အမှားကြောင့် မန်စီးတီးအသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် မိနစ်အနည်းငယ်အကြာမှာ တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်က ပယ်နယ်တီကနေ အက်စတွန်ဗီလာအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ မန်စီးတီးအသင်းအတွက် ကွင်းလယ်လူနူနက်စ်က အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်နေရာအတွက် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ဘက်အသင်းကို အရေးနိမ့်ခဲ့တာပါ။

အက်စတွန်ဗီလာအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၅)နေရာက နယူးကာဆယ်အသင်းထက် (၁)ပွဲပိုကစားထားပြီး ရမှတ်(၂)မှတ်အကွာနဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေပါတယ်။ အက်စတွန်ဗီလာအသင်းနည်းပြအူနိုင်းအမ်မရီက ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့(၄)ပွဲကျန်ရှိနေသေးတာကြောင့် သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးရှိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ