မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပြီး ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဖလော်ရီယန်ဗစ်ဇ်ဆုံးဖြတ်

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပြီး ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဖလော်ရီယန်ဗစ်ဇ်ဆုံးဖြတ်

ဥရောပထိပ်သီးကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီး မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ငြင်းပယ်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ရာသီကုန်မှာထွက်ခွာမယ့် ကွင်းလယ်လူ ဒီဘရိုင်းနားရဲ့နေရာမှာ ဖလော်ရီယန်ဗစ်ဇ်ကို အစားထိုးခေါ်ယူဖို့ စောင့်ကြည့်နေသလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကွင်းလယ်ပိုင်းကို ပိုပြီးအားကောင်းအောင်လုပ်ဖို့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ဒါပေမယ့် ဖလော်ရီယန်ဗစ်ဇ်က သူဟာ ဘွန်ဒစ်လီဂါပူပူနွေးနွေးချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်တယ်ဆိုတဲ့အကြောင်း လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို ပြောထားတယ်လို့ Sport Bild က ဖော်ပြထားပါတယ်။ ဖလော်ရီယန်ဗစ်ဇ်ဟာ လေဗာကူဆင်အသင်းနဲ့ (၂)နှစ်စာချုပ်ကျန်ရှိနေသေးပြီး ဘယ်အချိန်မှာ ထွက်ခွာမလဲဆိုတာ မသိရသေးပါဘူး။ အသက်(၂၂)နှစ်အရွယ်ရှိ ဖလော်ရီယန်ဗစ်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင်အသင်းအတွက် (၄၃)ပွဲပါဝင်ကစားထားပြီး (၁၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃)ကြိမ်ပြုလုပ်ထားတာပါ။

ဖလော်ရီယန်ဗစ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်း ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိချန်ပီံယံနဲ့ ဂျာမန်ဖလားရယူနိုင်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းအတွက် (၂၉)ပွဲပါဝင်ကစားထားပြီး (၆)ဂိုးသွင်းယူထားတဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ ဥရောပရဲ့အလားအလာအရှိဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ဖော်ပြခြင်းခံထားရတာပါ။ လေဗာကူဆင်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်အတွက် အနည်းဆုံးပြောင်းရွှေ့ကြေးယူရိုသန်း(၁၅၀)သတ်မှတ်ထားတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအကြီးအကဲ ရူမင်နစ်ဂီက ဖလော်ရီယန်ဗစ်ဇ်ဟာ နွေရာသီသူတို့ရဲ့အဓိကပစ်မှတ်ဖြစ်မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဆိုထားပါတယ်။ လေဗာကူဆင်အသင်းဟာ ဒီရာသီကုန်မှာ နည်းပြဇာဘီအလွန်ဆိုကို ရီးရဲလ်မက်ဒရစ်အသင်းထံ ထွက်ခွာခွင့်ပေးရဖို့ရှိနေတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ချိတ်ဆက်နေပြီး လေဗာကူဆင်အသင်းကလည်း သူတို့ဘက်က တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ရင် ထွက်ခွာခွင့်ပေးမယ်လို့ ဆိုထားတာဖြစ်ပါတယ်။

Read more

အာဆင်နယ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် PSG

အာဆင်နယ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် PSG

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့) PSG (၂-၁)အာဆင်နယ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ အီတလီဂိုးသမားဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်ခဲ့တဲ့ အာ

TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

အလွယ်ပြောရမယ်ဆိုရင် TikTok လို Short Video တွေ ကြည့်နိုင်အောင် Feed အသစ်တစ်ခု လုပ်ပေးသွားမယ့်ပုံစံမျိုးပါ။ ဒီ Feature ကိုတော့ လာမယ့်အပတ်ထဲမှာ စပြီးစမ်းသပ်သွားမယ်လို့ Netflix က ကြေညာထာ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအ‌ရွှေ့ကာလက မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီး ဘက်တစ်အသင်းထံ အငှားနဲ့ ပြောင်း‌ရွှေ့ခဲ့တာက သူလုပ်ခဲ