မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းကို ထိုးနှက်မှုပြုလုပ်ခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ဒီရာသီကုန်ရင် မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ (၁၀) စုနှစ်တစ်ခုကြာကစားခဲ့တဲ့ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားတာပါ။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ မကမ်းလှမ်းခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်းပြောထားသလို နောက်ထပ်ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းထံ ပြောင်းရွှေ့ဖို့လည်း လမ်းဖွင့်ထားတာဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲအပြီးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ခံစားချက်တွေကို ထပ်ပြီးအသိပေးလာခဲ့တာပါ။

ဒီဘရိုင်းနားက"ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာကစားနိုင်သေးတယ်ဆိုတာကို ပြသခဲ့ပါတယ်။ ဒီလိုမှမဟုတ်ရင် နောက်ဆုံး(၄)ပတ် ဒါမှမဟုတ် (၅)ပတ်အတွင်းမှာ ကျွန်တော်အခုစွမ်း​ဆောင်ခဲ့သလို လုပ်နိုင်မှာမဟုတ်ပါဘူး။ အီးတီဟတ်မှာ တစ်ပွဲပဲကစားဖို့ကျန်တော့တယ်ဆိုတာကို သိပေမယ့် ကျွန်တော်အမြဲတမ်းလုပ်ခဲ့သလိုပဲ ဒီပွဲမှာလည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့အလုပ်အတွက် ဂုဏ်ယူတယ်"လို့ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီဘရိုင်းနားက မန်စီးတီးအသင်းဖော်တွေနဲ့ စကားပြောခဲ့ပြီး သူတို့တွေဟာ သူထွက်ခွာမှာကို ဝမ်းနည်းနေကြတယ်လို့ ဆိုခဲ့တာပါ။ ဒီဘရိုင်းနားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေသလို မေဂျာလိဂ်ကလပ် ချီကာဂိုအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ လည်း သိရပါတယ်။

Read more

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)နဲ့အထက်ရတဲ့အသင်းတွေအရင်က ရှိခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက (၁၀၅)မှတ်အထိရယူကာစံချိန်တင်ခဲ့ပြီး ဒီစံချိန်ကို ၂၀၀၆ ခု

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ကို ကိုယ်စားပြုတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်နေတာအတော်ကြာခဲ့ပါပြီ။ လာမယ့

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ ဂျော့ခ်ျဂျီးဆပ်စ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အယ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါ) (3 May 2025/ 8:00 pm) ဒီပွဲက ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွ