မန်ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် မိမိဖိအားဒဏ်တွေကို ခံစားရလိမ့်မယ်လို့ နည်းပြအာမိုရင်ဝန်ခံ

မန်ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် မိမိဖိအားဒဏ်တွေကို ခံစားရလိမ့်မယ်လို့ နည်းပြအာမိုရင်ဝန်ခံ

မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းအရေးနိမ့်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် သူဖိအားဒဏ်တွေကို ခံစားရလိမ့်မယ်လို့ ချယ်လ်ဆီးအသင်းနဲ့ ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က သူဟာအသင်းကနေထွက်ခွာဖို့ရည်ရွယ်ထားခြင်းမရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကို (၂-၀)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်တွေတိုးတက်မှုမရှိရင် သူထွက်ခွာနိုင်တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေပြီး ရှုံးပွဲ(၁၇)ပွဲကြုံတွေ့ကာ အမှတ်ပေးဇယားအဆင့်(၁၆)နေရာရပ်တည်နေတာပါ။

မန်ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အနိုင်ရပြီး ချန်ပီယံဆုရယူနိုင်ခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အနိုင်မရခဲ့ရင် (၃၅)နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဥရောပဝင်ခွင့်နဲ့ လွဲချော်မှာဖြစ်သလို ပေါင်သန်း(၁၀၀)တန်ကြေးရှိ ဆုကြေးငွေနဲ့လည်း လွဲချော်သွားနိုင်တာပါ။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် သူဟာ လာမယ့်ရာသီအစမှာ ဖိအားတွေကို ခံစားရမယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ချန်ပီယံလိဂ်ဟာ နှစ်အနည်းငယ်အတွင်း သူတို့ကို ထိပ်ဆုံးပြန်ရောက်အောင်ကူညီပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့လည်း ဆိုခဲ့တာပါ။ ဒဏ်ရာရရှိနေတဲ့ မန်ယူနိုက်တက်အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်၊ယိုရိုနဲ့ ဒါလော့တို့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်နိုင်မလားဆိုတာ မသေချာသေးဘူးလို့ ဆိုခဲ့ပြီး ဘယ်သူ့ကိုမှ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ စွန့်စားသွားမှာမဟုတ်ဘူးလို့လည်း မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က မီဒီယာသမားတွေကို ဆိုခဲ့တာဖြစ်ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ