မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှာ နည်းပြအာမိုရင်က အသင်းအတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲလိုချင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီရာသီမှာ တိုက်စစ်ပိုင်းအခက်အခဲကြောင့် သွင်းဂိုးတွေသွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ မန်ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယောကရက်စ်အပါအဝင် တိုက်စစ်မှူးအချို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲရင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ သူ့ရဲ့လက်ထက်မှာ လက်ချီအသင်းနောက်ခံလူ ဒေါဂူတစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေကို အားဖြည့်ဖို့ စီစဉ်နေတာပါ။

မန်ယူနိုက်တက်အသင်းရဲ့ချိတ်ဆက်မှုပြုလုပ်နေတဲ့ ယောကရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ နည်းပြအာမိုရင်နဲ့ အတူလက်တွဲခဲ့သူဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းမှာ ယောကရက်စ်နဲ့ ထပ်ပြီးလက်တွဲအလုပ်လုပ်ရတာကို မြင်တွေ့ရမလားဆိုပြီး နည်းပြအာမိုရင်ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မတိုင်မီ မီဒီယာတွေ့ဆုံမှုမှာ မေးမြန်းခံခဲ့ရတာပါ။

အာမိုရင်က "ကျွန်တော် သူနဲ့ စကားမပြောထားပါဘူး။ ဒါပေမယ့် ကစားသမားတစ်ဦးက ချန်ပီယံလိဂ်ကစားဖို့ မန်ယူနိုက်တက်အသင်းထံ လာချင်တယ်ဆိုရင် သူမလာသင့်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းကို ကိုယ်စားပြုချင်တဲ့ ကစားသမားကိုပဲ လိုချင်တာပါ။ အချို့ပြိုင်ပွဲတွေမှာ ကစားချင်တဲ့ ကစားသမားတွေမဟုတ်ဘူး"လို့ ဆိုခဲ့ပါတယ်။

နွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ထွက်ခွာဖို့ရည်ရွယ်ထားတဲ့ ယောကရက်စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်တဲ့ အသင်းထံ ပြောင်းရွှေ့ချင်နေတာပါ။ စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း(၆၀)နဲ့ ခေါ်ယူလို့ရမယ့် ယောကရက်စ်ဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

Read more

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ မက်ဆီတို့အနေနဲ့ မိမိတို့ရဲ့အသင်းတွေနဲ့အတူ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးအလိုက်ကလပ်အသင်းပြိုင်ပွဲတွေမှာ တူညီတဲ့ကံ