မန်ယူနိုက်တက်-ဘီလ်ဘာအိုပွဲမှာ (၂)ဂိုးသွင်းခဲ့တဲ့ မေဆန်မောင့်ကို ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူတွေ ချီးကျူး

မန်ယူနိုက်တက်-ဘီလ်ဘာအိုပွဲမှာ (၂)ဂိုးသွင်းခဲ့တဲ့ မေဆန်မောင့်ကို ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူတွေ ချီးကျူး

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ ခြေစွမ်းပြသပြီး (၂)ဂိုးသွင်းယူခဲ့တဲ့ မန်ယူနိုက်တက်အသင်းကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့်ကို TNT Sports ရဲ့ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူတွေက ချီးကျူးခဲ့ပါတယ်။ ဒီပွဲက မေဆန်မောင့်ရဲ့ သွင်းဂိုးတွေဟာ ချယ်လ်‌ဆီးအသင်းက ပြောင်းရွှေ့လာပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် အိုးထရက်ဖိုဒ့်မှာ ပထမဆုံးသွင်းယူတဲ့သွင်းဂိုးတွေဖြစ်ခဲ့တာပါ။

မေဆန်မောင့်ဟာ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အကောင်းဆုံးပြသနိုင်ခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ဒဏ်ရာကနေပြန်သက်သာလာပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခွင့်မရသေးဘဲ ဘီလ်ဘာအိုအသင်းနဲ့ပွဲမှာလည်း လူစားဝင်အဖြစ်ပါဝင်ခဲ့ရတာပါ။ မေဆန်မောင့်ဟာ လူစားဝင်လာပြီး (၁၀)မိနစ်အကြာမှာ နောက်ခံလူယိုရိုရဲ့ပေးပို့မှုကနေ လှပတဲ့သွင်းဂိုးသွင်းယူခဲ့သလို မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာလည်း နောက်ထပ်လှပတဲ့သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

TNT Sports ရဲ့ရုပ်သံဘောလုံးဝေဖန်သူတစ်ဦးဖြစ်တဲ့ ရော်ဘီဆားဗေ့ခ်ျက "ဒါက သူ့ကစားသမားဘဝရဲ့အကောင်းဆုံးမိနစ်(၃၀)လို့ထင်ပါတယ်။ မေဆန်မောင့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်"လို့ ဆိုခဲ့ပါတယ်။

အိုဝင်ဟားဂရေ့ဗ်စ်က "ဒါက ချယ်လ်ဆီးမေဆန်မောင့်ရဲ့ပုံစံပါ။ မေဆန်ဟာ သူနဲ့အဆင်ပြေတဲ့နေရာမှာ ကစားခဲ့ပြီး သူဟာ ကောင်းမွန်တဲ့အဆုံးသတ်သူပါ။ ဒါပေမယ့် သူဟာ ကြံ့ခိုင်မှုကောင်းပြီး ကျန်းမာရေးကောင်းမွန်ရင်တော့ သူလုပ်နိုင်မှာပါ"လို့ ဆိုခဲ့တာပါ။

ပေါလ်စခိုးလ်က "သူဟာ ကြံ့ခိုင်မှုကောင်းရင် အကောင်းဆုံးလုပ်နိုင်ပေမယ့် ဒါကကြီးမားတဲ့ ကိစ္စလိုဖြစ်နေတာပါ။ သူဟာနည်းပြအာမိုရင်ရဲ့စနစ်မှာ အခုအချိန်ကစပြီး ရာသီကုန်တဲ့အထိ နံပတ်(၁၀)နေရာအတွက် ပြီးပြည့်စုံတဲ့သူပါ"လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မေဆန်မောင့်ဟာ ပြီးခဲ့တဲ့ ဘရန်ဖိုဒ့်အသင်းကို (၄-၃)ဂိုးနဲ့ အရေးနိမ့်တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဂိုးသွင်းခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းအတွက် (၂)ပွဲဆက်တိုက်သွင်းဂိုးရရှိခဲ့တာဖြစ်ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ