မန်ယူနိုက်တက်နဲ့ ရပ်ရှ်ဖိုဒ့်အတွက် လမ်းခွဲတာက အကောင်းဆုံးဖြစ်မယ်လို့ မိမိထင်ကြောင်း ရိုင်ယန်ဂစ်မှတ်ချက်ပေး

မန်ယူနိုက်တက်နဲ့ ရပ်ရှ်ဖိုဒ့်အတွက် လမ်းခွဲတာက အကောင်းဆုံးဖြစ်မယ်လို့ မိမိထင်ကြောင်း ရိုင်ယန်ဂစ်မှတ်ချက်ပေး

မန်ယူနိုက်တက်အသင်းဂန္ထဝင်တောင်ပံကစားသမားရိုင်ယန်ဂစ်က အိုးထရက်ဖိုဒ့်မှာ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ရဲ့အနာဂတ်ကို မမြင်တွေ့မိဘဲ လမ်းခွဲတာက မန်ယူနိုက်တက်အသင်းအတွက်ရော ရပ်ရှ်ဖိုဒ့်အတွက်ပါအကောင်းဆုံးဖြစ်မယ်လို့ ထင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ အငှားကစားနေတဲ့ အက်စတွန်ဗီလာအသင်းမှာ ပျော်ရွှင်မှုတွေနဲ့အတူ သူ့ရဲ့ပုံစံကို ပြန်လည်ရှာဖွေတွေ့ရှိနေသူပါ။

ရိုင်ယန်ဂစ်ဟာ ရပ်ရှ်ဖိုဒ့်ကို မန်ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ခွင့်ပေးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ နည်းပြလူးဝစ်ဗန်ဟားလ်ရဲ့လက်ထောက်နည်းပြအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ နယ်သာလန်လူမျိုးနည်းပြဗန်ဟားလ် စင်တင်ပေးခဲ့တဲ့ ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းမှာ အဓိက ကစားသမားအဖြစ်ပါဝင်နေရပေမယ့် ပေါ်တူဂီလူမျိုးနည်းပြအာမိုရင် ရောက်ရှိလာချိန်မှာ ပွဲလူစာရင်းထဲက ချန်လှပ်ခံခဲ့ရတာပါ။

အဲ့ဒါကြောင့် ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ အက်စတွန်ဗီလာအသင်းထံ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ရာသီကုန်အထိ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြနေပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်အောင် ကူညီပေးနေပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖိုဒ့်ရဲ့အနာဂတ်ကို ရာသီကုန်ဆုံးချိန်မှ ဆုံးဖြတ်ဖို့ရှိနေတာဖြစ်ပါတယ်။

ရိုင်ယန်ဂစ်က " မန်ယူနိုက်တက်မှာ ရပ်ရှ်ဖိုဒ့်ပျော်ရွှင်တယ်လို့ ကျွန်တော်မထင်ပါဘူး။ သူဟာ အခုပိုပြီးပျော်ရွှင်နေပုံရပါတယ်။ ရပ်ရှ်ဖိုဒ့်နဲ့ ယူနိုက်တက်အတွက် လမ်းခွဲတာက အကောင်းဆုံးလို့ထင်ပါတယ်။ သူဟာ တစ်စုံတစ်ဦးအတွက် ထက်မြက်တဲ့ကစားသမားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်သူ့အတွက်လဲတော့မသိဘူး"လို့ Rio Ferdinand Presents podcast မှာ မှတ်ချက်ပြုခဲ့တာပါ။

မန်ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတဲ့ ရပ်ရှ်ဖိုဒ့်ဟာ နည်းပြအာမိုရင်လက်ထက်မှာ အသင်းအတွက် ပြန်ပါဝင်ကစားပေးမှာမဟုတ်ဘူးလို့ သတင်းတွေထွက်နေသလို အသင်းဘက်ကလည်း သူ့ကိုရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Read more

EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

TikTok သည်အသုံးပြုသူများ ၏ data များကို China သို့ လွှဲပြောင်းခြင်းအတွက် EU တွင်ဒဏ်ငွေများစွာ ချမှတ်ခံရပြီး အိုင်ယာလန်နိုင်ငံ၏ Data Protection Commission (DPC) သို့ဒဏ်ငွေ ယူရို ၅၃၀ သန်း (ဒေါ်လာ သန်

ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ညာနောက်ခံလူဟောင်း ဘယ်လက်တီကိုင်တွယ်နေတဲ့ ဘာစီလိုနာယူ-၁၉ လူငယ်အသင်းက ဒီရာသီမှာဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွ

ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းခေါင်းဆောင်နောက်ခံလူ ဂူဟီနဲ့ တိုက်စစ်ကစားသမားအီဇီတို့ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ဆန္ဒရှိနေတယ်လို့ ဗြိတိန်

မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်