မန်ယူနိုက်တက်ရဲ့အမှတ်ပေးချန်ပီယံဆုအရေအတွက်ကိုသာ လိုက်မီပြီး အအောင်မြင်ဆုံးဂုဏ်ပုဒ်ကို လိုက်မီမှာ မဟုတ်သေးတဲ့လီဗာပူးလ်

မန်ယူနိုက်တက်ရဲ့အမှတ်ပေးချန်ပီယံဆုအရေအတွက်ကိုသာ လိုက်မီပြီး အအောင်မြင်ဆုံးဂုဏ်ပုဒ်ကို လိုက်မီမှာ မဟုတ်သေးတဲ့လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့်​ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)လီဗာပူးလ်-စပါးပွဲမှာ အနိမ့်ဆုံး သရေကစားနိုင်ခဲ့ရင် အခြားဘယ်အသင်းရဲ့ရလဒ်ကိုမှ စောင့်ကြည့်နေစရာမလိုဘဲ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံအသင်းအဖြစ် အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားဒုတိယနေရာက အာဆင်နယ်အသင်းကို ရမှတ်(၁၂)မှတ်ဖြတ်ထားနိုင်တာကြောင့် (အာဆင်နယ်က လက်ကျန် ၄ ပွဲသာကျန်တော့လို့) နောက်ထပ် ရမှတ်(၁)မှတ်ရတာနဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။

၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်း

ဒီရာသီမှာ ရယူမယ့် ချန်ပီယံဆုဟာ လီဗာပူးလ်အသင်းအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ်ဆုဖလားဖြစ်ပြီး အင်္ဂလန်အမှတ်ပေးချန်ပီယံသမိုင်းတစ်လျှောက်မှာတော့ အကြိမ်(၂၀)မြောက်ဆုဖလားဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုအများဆုံးရယူထားတဲ့ မန်ယူနိုက်တက်အသင်းရဲ့စံချိန်အကြိမ်(၂၀)ကို လိုက်မီတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာတော့ မန်ယူနိုက်တက်အသင်းက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ခွင့်ရမှာဖြစ်ပြီး လီဗာပူးလ်အသင်းက ကျော်တက်ခွင့်မရှိသေးဘဲ ဒုတိယနေရာမှာပဲ ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ဆက်ရှိနေမှာပါ။

လီဗာပူးလ်အသင်းဟာ ချန်ပီယံအောင်မြင်မှုမှာ မန်ယူနိုက်တက်အသင်းရဲ့အကြိမ်(၂၀)ကို လိုက်မီပေမယ့် ဒုတိယနေရာ ရယူနိုင်မှုအရေအတွက်မှာ (၂)ကြိမ်လိုအပ်နေသေးတာကြောင့် ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းက အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာချန်ပီယံ(၂၀)ကြိမ်၊ ဒုတိယ(၁၇)ကြိမ်နဲ့ ရပ်တည်နေပြီး လီဗာပူးလ်အသင်းက ဒီရာသီဆုဖလားပါထည့်တွက်မှ ချန်ပီယံ(၂၀)ကြိမ်၊ ဒုတိယ(၁၅)ကြိမ်သာရှိဦးမှာဖြစ်ပါတယ်။

အကြိမ်(၂၀)မြောက် အမှတ်ပေးချန်ပီယံဆုဖလားနဲ့ မန်ယူနိုက်တက်အသင်း

ဒါကြောင့် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မန်ယူနိုက်တက်အသင်းက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲလို့ ဆိုရမှာဖြစ်ပြီး လီဗာပူးလ်အသင်းက ဒီဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်ဖို့ နောက်ရာသီတွေမှာ ဆက်လက်ကြိုးစားရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းစာရင်းမှာ မန်ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းနောက် အာဆင်နယ်(ချန်ပီယံ ၁၃ ကြိမ်၊ ဒုတိယ ၁၁ ကြိမ်)၊ မန်စီးတီး(ချန်ပီယံ ၁၀ ကြိမ်၊ ဒုတိယ ၆ ကြိမ်)၊ အဲဗာတန်(ချန်ပီယံ ၉ ကြိမ်၊ ဒုတိယ ၇ ကြိမ်)တို့ ရှိနေပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ