On this page
မနေ့က PSG (ဝ-၁)လီဗာပူးလ် ချန်ပီယံလိဂ် Round of 16 ပထမအကျော့ပွဲစဉ်မှာ PSG အသင်းတိုက်စစ်ကစားသမား ဘာကိုလာကို တွန်းထုတ်ခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ ကိုနာတေး အနီကတ်ပြသခံရသင့်တယ်လို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။
ရုပ်သံအနှေးပြကွက်တွေမှာ လီဗာပူးလ်အသင်းဘက်ကို ဂိုးသွင်းဖို့ တိုက်စစ်ဆင်လာတဲ့ ဘာကိုလာကို ကိုနာတေးက အနောက်ကနေ တွန်းထုတ်ခဲ့ပြီး VAR ကလည်း အနီကတ်ဖြစ်နိုင်တဲ့ ဒီဖြစ်ရပ်ကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။
Discussion