မင်းဒီဇိုင်းကြီးက ငါ့ဒီဇိုင်းကြီးနဲ့အရမ်းတူနေသလိုပဲနော်...

မင်းဒီဇိုင်းကြီးက ငါ့ဒီဇိုင်းကြီးနဲ့အရမ်းတူနေသလိုပဲနော်...

Google ကနေ iPhone နဲ့အတူ Podcast ပုံစံလိုမျိုး Short Video လေးတွေ အရင်ကတည်းကတင်လေ့ရှိတယ်။ TikTok မှာ ခဏခဏတွေ့ရတတ်တယ်။ ခနဲ့တဲ့ video လေးတွေပေါ့။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့လိုပဲ video တစ်ပုဒ်တင်လိုက်သေးတယ်။ ဘာအကြောင်းလဲဆိုတော့ iPhone 17 Series ရဲ့ ကင်မရာဒီဇိုင်းအကြောင်း။ တော်တော်များများလည်း မျက်မှန်းတန်းမိခဲ့ကြမှာပါ။ Google Pixel ရဲ့ ကင်မရာပုံစံကြီးကိုး။ 

ဗီဒီယိုမှာကြည့်ရင်တော့ Fun ဖြစ်တဲ့ဘက်ကို သွားတာများပါတယ်။ သူငယ်ချင်းနှစ်ယောက် ရွဲ့သလား စောင်းသလားပြောနေတဲ့ပုံစံမျိုးပေါ့။

iPhone 17 Series မှာက မော်ဒယ်အသစ်ဖြစ်တဲ့  17 Air တစ်ခုပဲ ကင်မရာဒီဇိုင်းပြောင်းမယ်လို့ မကြာသေးခင်းက Leak ဖြစ်ခဲ့ပေမဲ့ အခုထပ်ပြီး ဖော်ပြနေပုံအရ Pro မော်ဒယ်တွေပါ ကင်မရာပြောင်းမယ့်ပုံပါပဲ။ အဲ့ဒီအချိန်မှာ Google က ကင်မရာပုံစံနဲ့ပတ်သက်ပြီး Apple ကို ကျီစားလိုက်တဲ့ကြော်ငြာအသစ်တစ်ခု ဖော်ပြလိုက်တာပါ။

ဒီနေရာမှာ တချို့တွေပြောကြတာက iPhone 17 Series ရဲ့ ကင်မရာဒီဇိုင်းက Pixel ဖုန်းတွေထက် POCO ဖုန်းဒီဇိုင်းတွေနဲ့ ပိုတူတယ်လို့လည်း ဆိုထားကြပါသေးတယ်။ 

Pixel က Night Sight ပထမဦးဆုံးထုတ်ပြီးနောက် iPhone မှာ Night Mode ပါလာတယ်။ Magic Eraser ထွက်ပြီးနောက် iPhone မှာ Cleanup လုပ်လာနိုင်တယ်။ နောက်ပြီး Widgets တွေလည်း Android မှာ ရှိခဲ့တာအတော်လေးကြာပြီးမှ iPhone မှာ ထည့်လာတယ်။ ဒါတွေကို သတိပေးသလိုလိုနဲ့ ဟာသဗီဒီယိုလေး ထုတ်လိုက်တာပါ။ 

Read more

လီဗာပူးလ်နဲ့ပွဲက အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး မိမိကိုယ်ကိုသတ်သေချင်ခဲ့တယ်လို့ အာတီတာဖွင့်ဟ

လီဗာပူးလ်နဲ့ပွဲက အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး မိမိကိုယ်ကိုသတ်သေချင်ခဲ့တယ်လို့ အာတီတာဖွင့်ဟ

လီဗာပူးလ်နဲ့ အာဆင်နယ်အသင်း (၂-၂)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကစားခဲ့တဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကိုကြည့်ပြီး သူ့ကိုယ်သူသတ်သေချင်

ဖီလစ်ပိုင်ကျောင်းသား​တစ်ဦး၏တီထွင်မှု

ဖီလစ်ပိုင်ကျောင်းသား​တစ်ဦး၏တီထွင်မှု

ဖီလစ်ပိုင်နိုင်ငံမှအသက် ၁၅ နှစ်သာရှိသေးသည့် ကျောင်းသားတစ်ဦးဖြစ်သော Angelo Casimiro သည် လမ်းလျှောက်ရင်း လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်သော ဖိနပ် (smart insole) ကိုတီထွင်