၂၀၂၁ ရဲ့ အလှူအတန်းအရက်အရောဆုံး ၁၀ နိုင်ငံတွေကဘယ်နိုင်ငံတွေဖြစ်မလဲ

၂၀၂၁ ရဲ့ အလှူအတန်းအရက်အရောဆုံး ၁၀ နိုင်ငံတွေကဘယ်နိုင်ငံတွေဖြစ်မလဲ

ကမ္ဘာပေါ်မှာ လူသားအချင်းချင်းကူညီမှုဆိုတာ အင်မတန်မှ တန်ဖိုးထားစရာကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ကမ္ဘာအလှူအတန်း အရက်ရောဆုံးနိုင်ငံတွေအဖြစ်နဲ့ သတ်မှတ်ခံရတာကလည်း ဂုဏ်ယူစရာတော်တော်ကောင်းပါတယ်။ ဗြိန်တိန်နိုင်ငံရဲ့အခြေစိုက်ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Charities Aid Foundation ထုတ်ဝေခဲ့တဲ​့  ကမ္ဘာတစ်ဝန်းကုသုလ်ဖြစ်ကြိုးပမ်းဆောင်ခဲ့တဲ့ထိပ်တန်းနိုင်ငံ ၁၀ ခုကိုလည်းအခုလိုပဲဖော်ပြခဲ့ပါတယ်။ Charities Aid Foundation ရဲ့သတ်မှတ်ထားတဲ့အချက်သုံးချက်လည်းရှိပါတယ်။ တစ်ပါးသူကိုကူညီခြင်း ၊ ငွေကြေးပေးကမ်းလှူဒါန်းခြင်း၊ စေတနာဝန်ထမ်းခြင်းစသည့်အချက်လေးတွေနဲ့ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှာရှိတဲ့လူဦးရေ ၁.၃ သန်းကျော်ကိုစစ်တမ်းကောက်ယူထားတာပဲဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စု
​၁၀ နှစ်တာကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စုက WGI ရဲ့အချက်အလက်တွေအရ  တစ်ပါးသူကိုကူညီခြင်းက၇၂ % ၊ အလှူအတန်းပြုလုပ်ခြင်းက ၆၁% ၊ ၄၂ % ကတော့ စေတနာဝန်ထမ်းခြင်းပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံ
မြန်မာနိုင်ငံက နိုင်ငံတစ်ကာနဲ့ယှဉ်ရင်တော့ ဝင်ငွေအလယ်လတ်ဝင်ငွေသာရရှိတယ်ဆိုပေမယ့် အလှူအတန်းလုပ်တဲ့နေရာမှာတော့ နိုင်ငံတစ်ကာနဲ့ယှဉ်ရင်တော့ ၈၁% တောင်ရရှိထားပါတယ်။
နယူးဇီလန်
နယူးဇီလန်နိုင်ငံက ပေးကမ်းမှုအတွက်ငွေကြေးအမြောက်အမြားအသုံးပြုနိုင်ငံအဖြစ်သတ်မှတ်ခဲရပါတယ်။ ပေးကမ်းမှုအတွက်ရာခိုင်နှုန်းကလည်း ဆယ်စုနှစ်အတွင်းမှာတော်တော်လေးကိုတည်းငြိမ်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
ဩစသြေးလျ
ဩစသြေးလျနိုင်ငံက စတုတ္ထမြောက်အလှူဒါနအများဆုံးနိုင်ငံဖြစ်ပြီး ၆၈% ကပရဟိတလုပ်ငန်းနဲ့ သူတစ်ပါးအားကူညီခြင်းက ၆၄%  ရရှိခဲ့ပါတယ်။
အိုင်ယာလန်
ဥရောပနိုင်ငံတွေထဲမှာ အမြင်ဆုံးကူညီသူနိုင်သူအဖြစ်ရရှိခဲ့ပြီး ၆၂% ကသူတစ်ပါးကိုကူညီခြင်း၊ ၃၈% က စေတနာဝန်ထမ်းမှုများပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။
ကနေဒါ
ကနေဒါနိုင်ငံကလည်းကမ္ဘာပေါ်မှာ မထင်ရက်စရာကောင်းလောင်းအောင် အလှူအတန်းတွေပြုလုပ်တယ်လို့ပြောလို့ရပါတယ်။ ၆၃ % ကပရဟိတအတွက်လှူဒါန်းကြပြီး ၆၄% က တစ်ပါးသူကိုကူညီခြင်းအတွက်ပဲဖြစ်ပါတယ်။
ယူနိုင်တက်ကင်းဒမ်း
UK နိုင်ငံကပြီးခဲ့တဲ့နှစ်တွေမှာ ပေးကမ်းမှုက ၅၀% နှုန်းသာရှိပြီး အမြင့်ဆုံးက ၅၇% လောက်သာရရှိခဲ့ပါတယ်။


နယ်သာလန်
နယ်သာလန်မြို့ကလည်း UK နိုင်ငံကဲ့သို့ ကမ္ဘာပေါ်မှာ ၇၁% ဒုတိယအများဆုံးလှူဒါန်းမှုနိုင်ငံလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှာတော့ ဥရောပနိုင်ငံတွေထက်အလှူအတန်းပေးကမ်းမှုအနည်းငယ်တည်ငြိမ်ခဲ့ပါတယ်။
သီရိလင်္ကာ
သီရိလင်္ကာနိုင်ငံက ပေးကမ်းမှု ၅၁ % ဖြစ်ပြီးတော့ သီရိလင်္ကာမြို့ကတော့ စေတနာဝန်ထမ်းတဲ့နေရာမှာတော့ ၄၆% ဖြစ်ပါတယ်။ ဝင်ငွေနည်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့်လည်း အလှူအတန်းတော့ တော်တော်လေးရက်ရောကြပါတယ်။
ဒင်ဒိုနီးရှား
ဒင်ဒိုနီးရှားနိုင်ငံက ပရဟိတလုပ်ငန်းအတွက် ၆၁% ဖြစ်ပြီး ၄၀ % ကအဖွဲ့အစည်းတွေအတွက်လှူဒါန်းခဲ့ပါတယ်။မြန်မာနိုင်ငဲနဲ့ သီရိလင်္ကာနိုင်ငံတွေလိုပဲ ဝင်ငွေနည်းပါးပေမယ့်လည်းအလှူဒါနနေရာမှာတော့ ပေးကမ်းမှုကမြင့်မားခဲ့ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit - Worldwid

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ