အခုလိုအခြေနေမျိုးမှာ အပြင်တွေလည်းမထွက်ရဘူး၊စိတ်ဓာတ်တွေကလည်းကျနေတယ်၊ ဘာမှလည်းမလုပ်ချင်ဘူးဆိုရင် ဘဝရဲ့အချိန်တွေက ကိုယ့်အတွက်စိတ်ခွန်အားဖြစ်စေတဲ့ ရုပ်ရှင်လေးတွေကြည့်ပြီး ခွန်အားတွေရေစချင်ပါတယ်။ အခုမျှေဝပေးထားတဲ့ ဇာတ်ကားလေးတွေက လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းအားကို ဖော်ကြူးပြသထားပြီး၊ ဘဝကိုလွယ်လွယ်နဲ့အရှုံးမပေးသင့်ဘူးဆိုတဲ့ အကြောင်းအရာလေးတွေပါဝင်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ လေ့လာစရာကောင်းတဲ့ဇာတ်လမ်းလေးတေွဖြစ်တဲ့အတွက် ဆယ်ကျော်သက်တစ်ယောက်ဆိုရင်တော့ ကြည့်ကိုကြည့်သင့်ပါတယ်။
Skater Girl
ဒီဇာတ်ကားလေးက မိန်းကလေးနှစ်ယောက်ရဲ့ကြိုးပမ်းအားထုပ်မှုကိုအဓိက ရိုက်ကူးထားပြီး၊အိန္ဒိယ
ယဉ်အလေ့အထတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Jessica ဆိုတာအမျိုးသမီးတစ်ဦးက လန်ဒန်မြို့ကနေ သူ့အဖေရဲ့ဇာတိမြို့လေးကိုလာရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့အချိန်မှာ Prerna လို့ခေါ်တဲ့ကောင်မလေးနဲ့မထင်မှတ်ပဲတွေ့ဆုံခဲ့ပါတယ်။ အရွယ်နဲ့မလိုက်အောင် အိမ်မှုကိစ္စတွေကိုတာဝန်ယူနေရပြီး အဖေကလည်းစည်းကမ်းကြီးတဲ့အဖေမျိုးဖြစ်ပါတယ်။ Prena နဲ့ သူ့မောင်လေးပြုလုပ်ထားတဲ့ စကိတ်ဘုတ်လိုမျိုးအရာကို Jessica ကတွေ့သွားပြီး ဒီရွာကကလေးတွေအတွက် တစ်ခုခုလုပ်ပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
ကလေးများစကိတ်ဘုတ်များနှင့်စကိတ်ကိရိယာများကိုဝယ်ယူရန်စီမံတယ်။ Prena ကစကတ်စီးနေရင်သူမဘဝရဲ့လွတ်လပ်မှုကိုခံစားရပြီး သူဘဝရဲ့အရသာကိုလည်း သူမကိုယ်တိုင်ပုံဖော်လိုက်သလိုလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ တစ်စစကြီးမားလာတဲ့ သူမရဲ့၀ါသနာနဲ့ စည်းကမ်းတင်းကြပ်တဲ့မိသားစုမှာကြီးပြင်းလာတဲ့ အိန္ဒိယလူမျိုးနွယ်စုအတွက် အရှုံးမပေးပဲ ဘယ်လိုရင်ဆိုင်ခဲ့လည်းဆိုတာမြင်တေွ့ရမှာဖြစ်ပါတယ်။

Lady Bird
ဆယ်ကျော်သက်တစ်ဦးရဲ့ စိတ်ခံစားချက်တေွကို အခြေခံရိုက်ကူးထားပြီး၊ မိဘနဲ့သားသမီးကြားမှာဖြစ်တတ်တဲ့ အရာတေွကိုလည်းပြသထားပါတယ်။Lady Bird က သူမရဲ့ ဘ၀မှာ သူမဖြစ်ချင်တာတေွနဲ့ပတ်သက်ပြီး ဘယ်လောက်ထိစိတ်အားထက်သန်လဲဆိုတာကို အတုယူစရာတစ်ခုအနေနဲ့ သင်ကဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဆိုရင်ကြည့်ကိုကြည့်သင့်ပါတယ်။

Moxie
Moxie ဇာတ်ကားလေးက ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ မိဘတေွကြားမှာရှိတဲ့ Handle လုပ်ရခက်တဲ့အရာလေးတေွကိုပြသထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်တေွမှာ မိဘကိုအကုန်တိုင်ပင်ရမယ် မိဘကဒီလိုဆိုရင် ဒါကိုလုပ်ကိုလုပ်ရမယ် အဲလိုမျိုးအခြေအနေတေွပေါ့နော်။ Gender Equality ကဘယ်လောက်တောင်အရေးပါလဲဆိုတာကိုလည်းပြသထားပါတယ်။

cali - Akhayar Lifestyle
Photo Credit - Pinterest
Discussion