MPT ၏ “အချီကြီးထော” ကံစမ်းမဲအစီအစဉ် မှ နောက်ဆုံးကျန်ရှိနေသော ကျပ်သိန်းတစ်ရာဆုရှင် တစ်ဦး နှင့် ကျပ် (၁၀)သိန်းဆုရှင် ၅၀ ဦးတို့ကို ရွေးချယ်ခဲ့ပြီးဖြစ်

MPT ၏ “အချီကြီးထော” ကံစမ်းမဲအစီအစဉ် မှ နောက်ဆုံးကျန်ရှိနေသော   ကျပ်သိန်းတစ်ရာဆုရှင် တစ်ဦး နှင့် ကျပ် (၁၀)သိန်းဆုရှင် ၅၀ ဦးတို့ကို ရွေးချယ်ခဲ့ပြီးဖြစ်

‌‌(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၁၂  ရက်) –  “အချီကြီးထော” ကံစမ်းမဲအစီအစဥ်၏ ပထမအပတ်ကာလ ရွေးချယ်မှုများပြီးစီးခဲ့ပြီးနောက် နောက်ထပ်ကျန်ရှိနေသေးသည့် ကံထူးရှင် ၅၁ ဦးကို ဆက်လက်ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း MPT မှ ထုတ်ပြန်ကြေညာလိုက်သည်။ ဒုတိယအပတ် (ဒီဇင်ဘာလ ၂၉ရက် မှ ဇန်နဝါရီလ ၄ရက်အထိ) ၏ ကျပ်သိန်းတစ်ရာဆုရှင် တစ်ဦးနှင့် ကျပ်(၁၀) သိန်း ဆုရှင် ၅၀ ဦးတို့ကို ဇန်နဝါရီလ ၆ ရက်နေ့က ကျပန်းစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ MPT က သုံးစွဲသူများအား အလန်းစား ဆုလက်ဆောင်များဖြင့် ကျေးဇူးတုံ့ပြန်လို သည့် ရည်ရွယ်ချက်ဖြင့် ယခုပရိုမိုးရှင်းအစီအစဥ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ဆုငွေများကို ကံထူးရှင်များ၏ MPT Pay အကောင့်သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။

ကံထူးရှင်များအနေဖြင့် ဆုငွေအချီကြီးဖြင့် နှစ်သစ်ကို စတင်နိုင်ခြင်းနှင့်အတူ MPT ၏ “အချီကြီးထော” ကံစမ်းမဲအစီအစဥ် မှတစ်ဆင့် ပျော်ရွှင်မှုများနှင့် ကျေနပ်နှစ်သိမ့်မှုများကို ရရှိခံစားနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ပြည်တွင်းအော်ပရေတာတစ်ခုဖြစ်သည့် MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်ဘဝကို ပြီးပြည့်စုံစေရန် နှစ်မြှုပ်လုပ်ဆောင်လျက်ရှိပြီး အနာဂတ်တွင်လည်း ပိုမိုစိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာ အစီအစဥ် များကို ယူဆောင်လာဦးမည် ဖြစ်ပါသည်။

“အချီကြီးထော”ကံစမ်းမဲအစီအစဥ်၏ ဒုတိယအပတ်တွင် ကံထူးသွားသည့် ကံထူးရှင် (၅၁) ဦးစာရင်းကို အောက်တွင် ဖော်ပြထားပါသည်။‌‌ဒုတိယအပတ်အတွက် ကံထူးရှင် (၅၁) ဦး၏ အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT က ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ “အချီကြီးထော” ကံစမ်းမဲအစီအစဥ်၏ ကံထူးရှင်များအကြောင်းကို ပိုမိုသိရှိနိုင်ရန် https://bitly.cat/LcZQR တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။‌‌MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။

#MPTpay #အချီကြီးထော

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်