MPT ၏ GSM တယ်လီကွန်းဝန်ဆောင်မှုများကို မူလအတိုင်း ပြန်လည်သုံးစွဲနိုင်ကြောင်း မိုဘိုင်းလ်သုံးစွဲသူများသို့ အသိပေးခြင်းနှင့် အဆင်မပြေမှုများအတွက် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအားလုံးကို 200MB + 15 mins ကိုပြန်လည်ထည့်သွင်းပေးသွားမည်။

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)- MPT အနေဖြင့် ဖေဖော်ဝါရီလ (၇)ရက်မှ (၈) ရက်အတွင်း ဖြစ်ပွားခဲ့သည့် GSM တယ်လီကွန်း ဝန်ဆောင်မှုအခက်အခဲများကို ဖြေရှင်းပြီးဖြစ်ပါသဖြင့် ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ (၈)ရက် နံနက် ၁၀:၀၉ နာရီအချိန်မှစ၍ MPT ၏ GSM တယ်လီကွန်းဝန်ဆောင်မှုများအားလုံးကို မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ကျန်ရှိနေသေးသော ဝန်ဆောင်မှုများကို သုံးစွဲသူများထံ အမြန်ဆုံး ပြန်လည်ပေးအပ်နိုင်ရန် တာဝန်ရှိသူများမှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ဖြစ်ပေါ်ခဲ့သည့် အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်သည့်အနေနှင့် MPT မှ သုံးစွဲသူများကို ​ဒေတာ 200MB  နှင့် MPT အချင်းချင်း 15 မိနစ် ဖုန်း​ခေါ်ဆိုမှုအား ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ သုံးစွဲသူများသည် လက်​ဆောင်ကို ၇ ရက်သက်တမ်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဒေတာလက်ကျန်ကိုသိရှိလိုပါက *224# ကိုခေါ်ဆို၍စစ်ဆေးနိုင်ပါသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်းမှ သုံးစွဲသူများအတွက် တည်ငြိမ် ကောင်းမွန်သော ကွန်ရက် ဝန်ဆောင်မှုပေးနိုင်ရန် အစဥ်အမြဲကြိုးစားလျက်ရှိပြီး ဖြစ်ပေါ်ခဲ့သည့် အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။  MPT ကို စဥ်ဆက်မပြတ် အသုံးပြု​​နေသည့် နိုင်ငံတစ်ဝန်းမှ သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ