MPT က “မြန်မာအမျိုးသမီးများနေ့” ပရိုမိုးရှင်းအစီအစဥ်မှတစ်ဆင့် ဘိုးဘွားရိပ်သာနှစ်ခုသို့ အထောက်အပံ့ပြု လှူဒါန်းဆောင်ရွက်ခဲ့

MPT က “မြန်မာအမျိုးသမီးများနေ့” ပရိုမိုးရှင်းအစီအစဥ်မှတစ်ဆင့် ဘိုးဘွားရိပ်သာနှစ်ခုသို့ အထောက်အပံ့ပြု လှူဒါန်းဆောင်ရွက်ခဲ့

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်) – စစ်မှန်သော ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် သုံးစွဲသူများ၏ နေ့စဥ်ဘဝကို ပိုမိုပြီးပြည့်စုံစေရန်နှင့် လူမှုအသိုက်အဝန်းကို အထောက်အပံ့ပြုရန် အစဥ်အမြဲ ကြိုးစားလျက်ရှိပါသည်။ သုံးစွဲသူများနှင့် လူမှုအသိုက်အဝန်းကို ကျေးဇူးတုံ့ပြန်သောအနေနှင့် MPT မှ “မြန်မာအမျိုးသမီးများနေ့” ပရိုမိုးရှင်းကို ဇူလိုင်လ ၁ရက်မှ ၃ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ပရိုမိုးရှင်းမှတစ်ဆင့် MPT Club သည် လဲလှယ်လိုက်သော  Club ပွိုင့်၏ တန်ဖိုး ၅၀% နှင့်ညီမျှသည့်ပမာဏ စုစုပေါင်း ကျပ် (၂၇) သိန်းကို MPT Club အဖွဲ့ဝင်များကိုယ်စား ရန်ကုန်မြို့ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာနှင့် Save The Aged ဘိုးဘွားရိပ်သာတို့အား လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

အဆိုပါလှူဒါန်းမှုများကို ဒီဇင်ဘာလ(၉)ရက်နေ့တွင် အထက်ဖော်ပြပါ ဘိုးဘွားရိပ်သာနှစ်ခုတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ  မြန်မာအမျိုးသမီးများနေ့ ပရိုမိုးရှင်း အစီအစဥ်၏ “ဉာဏ်စမ်း ပဟေဠိ” ဂိမ်းတွင် ပါဝင်ပြီး အဖြေမှန် ရရှိခဲ့သည့် MPT Club အဖွဲ့ဝင်များ အနေဖြင့် MPT Club ပွိုင့် ၁၀၀ ပွိုင့် မှ ၁,၂၀၀ ပွိုင့်အထိ ရရှိခံစားနိုင်ခဲ့သည့်အပြင် တစ်ချိန်တည်းမှာပင် MPT နှင့် အတူ ယခုကဲ့သို့ လူမှုအသိုက်အဝန်းအား အထောက်အပံ့ ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ယခုအစီအစဥ်သည် MPT Club ၏ စဥ်ဆက်မပြတ်လှူဒါန်းမှု အစီအစဥ်မှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အလားတူ အထူးပရိုမိုးရှင်း အစီအစဥ်နှစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပရိုမိုးရှင်း နှင့် အမေများနေ့ ပရိုမိုးရှင်းတို့အား ၂၀၂၂ခုနှစ် မတ်လနှင့် မေလ တို့တွင် အသီးသီး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ပရိုမိုးရှင်း အစီအစဥ်များမှတစ်ဆင့် MPT Club သည် အဖွဲ့ဝင်များ လဲလှယ်လိုက်သော ပွိုင့်၏ တန်ဖိုး ၅၀% နှင့်ညီမျှသော ပမာဏ စုစုပေါင်း ကျပ် (၄၇) သိန်းကို MPT Club အဖွဲ့ဝင်များကိုယ်စား ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း (PHF) အဖွဲ့အစည်းသို့ ၂၀၂၂ ခုနှစ် ဧပြီလတွင် ကျပ်ငွေ (၁၅) သိန်းနှင့် ဇူလိုင်လတွင် ကျပ်ငွေ (၃၂) သိန်း ပံ့ပိုးကူညီခဲ့ပြီးဖြစ်ပါသည်။ ဘိုးဘွားရိပ်သာတွင် နေထိုင်သော ဘိုးဘွားများသည် ၎င်းတို့ဖြတ်သန်းခဲ့သည့် ကာလအတွင်း လူမှုအသိုက်အဝန်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပြီးသူများဖြစ်ပြီး ယခုအချိန်တွင် လူမှုပတ်ဝန်းကျင်၏ အဖော်ပြုပေးမှုနှင့် ဂရုစိုက်ပံ့ပိုးပေးမှုကို လိုအပ်နေသူများဖြစ်ပါသည်။

MPT အနေဖြင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်နှင့် လူမှုအသိုက်အဝန်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါသည်။ တန်ဖိုးထားရသော သုံးစွဲသူများကို ယခုကောင်းမှုကုသိုလ်များအတွက် မျှဝေလိုသလို နောင်တွင်လည်း MPT မှ ယခုကဲ့သို့ အခါအားလျော်စွာ ကျင်းပသော ပရိုမိုးရှင်းများတွင် ပါဝင်ပြီး လူမှုအသိုက်အဝန်းကို အတူတကွ ပံ့ပိုးပေးနိုင်ရန်နှင့် MPT Club ၏ အကျိုးခံစားခွင့်များကိုလည်း ခံစားနိုင်ရန် တိုက်တွန်းအပ်ပါသည်။MPT Club သည် သုံးစွဲသူ အဖွဲ့ဝင်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များ​အ​နေဖြင့် ဖုန်းငွေဖြည့်ခြင်း ၊ မိုဘိုင်းလ်ဝန်ဆောင်မှု ပက်ကေ့ချ်များဝယ်ယူခြင်း (သို့မဟုတ်) မိတ်ဖက်အဖွဲ့အစည်း ၁၁၆ ခု ကျော်၏ စားသောက်ဆိုင်များ၊ ပညာရေး /ကျန်းမာရေး ဝန်ဆောင်မှုများ ၊ ခရီးသွားလုပ်ငန်းများ နှင့် စတိုးဆိုင်ကြီးများတွင် စျေးဝယ်ယူခြင်း/ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည် ပေးအပ်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အထူးနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုများအကြား နေ့စဉ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။MPT Club အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် https://mpt.com.mm/mm/mpt-club-mm/ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။MPT Club အစီအစဉ်၏ အကျိုးကျေးဇူးများနှင့် ပရိုမိုးရှင်းများကို သိရှိရန် MPT Viber သို့မဟုတ် Telegram သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။MPTဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင် ရှိပါသည်။  MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်