MPT မှ ပျော်ရွင်ဖွယ်ရာ နှစ်သစ်လက်ဆောင်အဖြစ် “ပွိုင့်တန်တန်”ပရိုမိုးရှင်းကို မိတ်ဆက်၍ သုံးစွဲသူများသို့ ကျေးဇူးတုံ့ပြန်

MPT မှ ပျော်ရွင်ဖွယ်ရာ နှစ်သစ်လက်ဆောင်အဖြစ် “ပွိုင့်တန်တန်”ပရိုမိုးရှင်းကို မိတ်ဆက်၍ သုံးစွဲသူများသို့ ကျေးဇူးတုံ့ပြန်

(ဇန်နဝါရီလ ၁၄ရက်မှ စတင်၍ MPT Club အဖွဲ့ဝင်များအားလုံး MPT Club  ၄၄၄ ပွိုင့်အထိနှင့် ပွိုင့်တန်တန်အထူးပက်ကေချ့်တို့ကို  လဲလှယ်ကံထူးနိုင်မည့် အခွင့်အရေးရရှိမည်)

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် မင်္ဂလာနှစ်သစ်လက်ဆောင်အဖြစ် “ပွိုင့်တန်တန်" ပရိုမိုးရှင်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT Club အဖွဲ့ဝင်များအားလုံး ယခုအစီအစဉ်တွင်ပါဝင်၍ အထူးအခွင့်အရေးများ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

ပရိုမိုးရှင်းကာလမှာ ဇန်နဝါရီလ ၁၄ ရက် မှ ၂၆ ရက် အထိ ဖြစ်ပြီး သုံးစွဲသူများအနေ နှင့် MPT Club ပွိုင့် ၄၄၄ ပွိုင့် အထိ ရရှိနိုင်မည်ဖြစ်ကာ အဆိုပါပွိုင့်များကို ပွိုင့်တန်တန်အထူးပက်ကေချ့်ဖြင့် ပရိုမိုးရှင်း ကာလအတွင်း လဲလှယ်ရယူနိုင်ရုံသာမက အခြားကာလများတွင် စုဆောင်းရရှိထားသော MPT Club ပွိုင့်များဖြင့်လည်း လက်ရှိလဲလှယ်နိုင်သော ပက်ကေ့ချ်များအားလုံးကို လဲလှယ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၄ ရက် မှ စတင်၍ *7345# ကိုခေါ်ဆိုခြင်းဖြင့် ပွိုင့်တန်တန် ပရိုမိုးရှင်းတွင် ပါဝင်နိုင်မည်ဖြစ်ကာ MPT4U ရှိ အဆိုပါ ပရိုမိုးရှင်းအတွက်သတ်မှတ်ထားသော ပက်ကေ့ချ်များကို ဇန်နဝါရီလ ၂၂ရက်နေ့ အထိဝယ်ယူ၍ ပွိုင့်တန်တန် ထိပေါက်ကစားခြင်းဖြင့် MPT Club ပွိုင့်များကို စုဆောင်းနိုင်မည်ဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်မှ ၂၆ ရက်အတွင်း ပွိုင့်တန်တန်အထူးပက်ကေချ့်ကို MPT Club ပွိုင့် ၄၄၄ ပွိုင့် ဖြင့် လဲလှယ်ရယူနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် သတ်မှတ်ကာလအတွင်း ဝယ်ယူသော ပက်ကေ့ချ်တစ်ခုချင်းစီအတွက် ပွိုင့်တန်တန်ထိပေါက် တစ်ကြိမ် ကစားခွင့်ရကာ အထူးပရိုမိုးရှင်းအနေဖြင့် MPT Club ပွိုင့်များစွာကို  စုဆောင်းနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းမှ MPT GSM/WCDMA Prepaid သုံးစွဲသူများအားလုံး ယခု ပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများက Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်၊ ကြင်ကြင်နာနာ ပက်ကေ့ချ် နှင့် ထောဘီ၁၀ဆ ( အလိုအလျောက်သက်တမ်းတိုးနှင့် ပုံမှန်) ပက်ကေ့ချ်များကို MPT4U channel မှ ဝယ်ယူရန်လိုအပ်ပါသည်။

ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်သော ပက်ကေ့ချ်အမျိုးအစား၊ စျေးနှုန်း၊ ရရှိနိုင်သော Club ပွိုင့် နှင့် ပွိုင့်ကို အသုံးပြုပြီး လဲလှယ်ရယူနိုင်မည့် အစီအစဉ်ကို အောက်ပါဇယားတွင် တွေ့ရှိနိုင်ပါသည်။
ပွိုင့်တန်တန် ပရိုမိုးရှင်းတွင် ပက်ကေ့ချ်အမျိုးအစားမျိုးစုံပါဝင်သောကြောင့် သုံးစွဲသူများအနေနှင့် မိမိနှင့် အကိုက်ညီဆုံး ပက်ကေ့ချ်ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ပက်ကေ့ချ်ဝယ်ယူနိုင်သည့်ကာလအတွင်း ယခုပရိုမိုးရှင်းတွင် ပါဝင်သောပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ မိမိစိတ်ကြိုက် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသည့် အကြိမ်တိုင်းအတွက် ပွိုင့်တန်တန်ထိပေါက် ၁ ကြိမ် ကစားခွင့် ရရှိမည် ဖြစ်ပါသည်။ ပွိုင့်တန်တန်ထိပေါက်ကစားခွင့်ကို ကစားခွင့်ရရှိသည့်နေ့ရက် ကုန်ဆုံးသည်အထိ  ကစားနိုင်မည် ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။

#MPTclub #datacarryplus #MPT4U

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်