စိုးရိမ်ပူပန်မှုတွေကိုဘယ်လိုလျှော့ချမလဲ

လူ့ဘဝမှာ နေလာရင်းနဲ့ ဝမ်းနည်းတာတွေ၊ ပျော်ရွှင်တာတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မလွဲမသွေ ကြုံနေရမှာပဲ မဟုတ်ပါလား။ တခြားသူတွေထက် ကိုယ်က စိုးရိမ်ပူပန်မှုတွေများတတ်သူဆိုရင် နေ့စဉ်ဘဝကို ပိုလို့တောင် ဖြတ်သန်းရခက်ခဲပါတယ်။ သင်ဟာ ဒီလိုဖြစ်တတ်သူတစ်ယောက်ဆိုရင်တော့ အခရာက အခုဖော်ပြပေးမယ့် နည်းလမ်းတွေကို သုံးပြီး နေ့စဉ်ဘဝကို ဖြတ်သန်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အရင်းမြစ်ကို ရှာပါ

ဥပမာ- “ရုံးက ကွန်ပျူတာကို ငါမပိတ်ခဲ့ပြီးထင်တယ် တစ်ခုခုဖြစ်ရင် ဒုက္ခပါပဲ” ဆိုပြီး တွေးနေမယ့်အစား ဒီကိစ္စကို အတည်ပြုနိုင်မယ့် တစ်ဦးတစ်ယောက်ဆီအကူအညီတောင်းပြီး အတည်ပြုချက်ယူလိုက်တာက အကောင်းဆုံးနည်းလမ်းပါ။ စိုးရိမ်ပူပန်မှုတွေဖြစ်လာတဲ့ အရင်းမြစ်ဆိုတာ ရှိစမြဲပါ။ ဒီအရာကိုပဲ သေချာလိုက်နိုင်ပြီဆိုရင် သင့်မှာဖြစ်နေတဲ့ သောကတွေဆိုတာ ယူပစ်သလို ပျောက်သွားမှာပါ။

(၂) အတွေးတွေက တစ်ဆင့် ရလဒ်ကောင်းရယူပါ

အတွေးတွေက တစ်ဆင့် ပူပန်ခြင်းဆိုတာ ဖြစ်လာပါတယ်။ တွေးလွန်းတဲ့သူတွေအတွက်ဆို ပိုလို့တောင် ဆိုးနိုင်ပါတယ်။ တွေးနေမယ့်အစား တစ်ခုခုချလုပ်ပါ။ သင်ဟာ အနာဂတ်မှာ ကော်ဖီဆိုင်ဖွင့်ဖို့ တွေးနေတယ် ဆိုကြပါစို့။ တကယ့် Business Plan ဆွဲသလို သင့်အတွေးကို PowerPoint သုံးပြီး ဖြည့်စွက်လိုက်ပါ။ ဒီတိုင်းတွေးနေတာထက်စာရင် Business Man တွေ လုပ်သလို PowerPoint တွေနဲ့ ဆိုတော့ လက်တွေ့မှာ တကယ်အကောင်အထည်ဖော်ချင်တဲ့အထိ စိတ်ခွန်အားတွေရှိလာပြီး ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်။

(၃) ကိုယ့်ပြဿနာအကြောင်း လူအများကြီးကို မပြောမိပါစေနဲ့

ကိုယ့်မှာရှိတဲ့ကိစ္စကို တခြားသူတွေနဲ့တိုင်ပင်တိုင်း အဖြေတစ်ခုခုရမယ်လို့ မထင်စေချင်ပါဘူး။ ပြောလိုက်ရင် ရင်ထဲ ပေါ့သွားရုံပဲ ရှိပါလိမ့်မယ်။ သူငယ်ချင်းတစ်ယောက်ကို ပြောတယ် သူ့ဆီက အကြံပေးချက်တစ်ခုရတယ်။ နောက်တစ်ယောက်ကိုပြောတယ် အဲ့တစ်ယောက်ဆီကလည်း မတူတဲ့ အကြံတွေပေးနဲ့ ကြာလာရင် ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေသာ ကုန်သွားတယ် နောက်ဆုံး ကိုယ့်မှာ ပူပန်တာတွေ မပျောက်သွားတဲ့အပြင် စိတ်ပါရှုပ်သွားတယ်ဆိုတဲ့ အခြေအနေ ဖြစ်သွားမှာပါ။

(၄) No လို့ပြောတတ်အောင် လုပ်ပါ

လေ့လာချက်တွေအရ ဘာလို့ လူတွေက စိုးရိမ်ကြောင့်ကြရလဲဆိုတဲ့ အရင်းမြစ်ကို ခြေရာခံကြည့်တော့ အများစုက အလုပ်ခွင်ကြောင့် ဆိုတာ တွေ့ရပါတယ်တဲ့။ အကြောင်းရင်းကတော့ ကိုယ့်အလုပ်မဟုတ်ဘဲ တောင်းဆိုချက်အရ လက်ခံလိုက်ရတဲ့ အလုပ်မျိုးတွေ၊ မတူညီတဲ့ အလုပ်တာဝန်တွေကြောင့် လို့ဆိုပါတယ်။ ကိုယ်တိုင်က ယူထားတဲ့တာဝန်ကို အချိန်မီပြီးစီးအောင် လုပ်ပေးနေလျက်နဲ့ ဘေးက ဘာမဆိုင် ညာမဆိုင် ရလာတဲ့ ပူပန်မှုတွေကို ခါချဖို့ရာ ဝန်မလေးပါနဲ့။ No လို့ မပြောတတ်သရွေ့ သင်ဟာ ဘာတွေ ဘယ်လိုပဲ လုပ်လုပ် စိုးရိမ်မှုတွေက လျော့ကျဖို့နေနေသာသာ ပိုလို့တောင်မှ တိုးလာပါလိမ့်မယ်။

(၅) မလုပ်နိုင်တာမရှိဘူး မလုပ်သေးတာဘဲရှိတယ်ဆိုတာကို သတိရနေပါ

လူတစ်ဦးတစ်ယောက်ခြင်းစီမှာ မတူညီတဲ့လုပ်နိုင်စွမ်းတွေရှိပါတယ်။ တခြားသူတွေက တစ်နေ့တစ်နေ့ ပူပန်စရာမရှိသလိုဘဲနေရင်း နေ့စဉ်ဘဝကို အေးဆေးလေးဖြတ်သန်းနိုင်တယ်ဆိုရင် သင်ဟာ ဘာလို့သူ့လို မလုပ်နိုင်ရမှာလဲနော်။ လူတိုင်းမှာ ပူပန်မှုတွေရှိကြပါတယ်။ မလိုအပ်တာတွေကို ခေါင်းထဲမထည့်ဘဲ လုပ်စရာရှိတာကို focus ထားပြီး ကိုယ်အလိုရှိရာ ပန်းတိုင်ကို ရှေးရှုသွားပါ။ သင်ဟာ မလုပ်နိုင်တာမရှိပါဘူး မလုပ်သေးတာဘဲ ရှိပါတယ်။

Photos Credit

NSC (Akhayar)

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်