“ဝန်ထမ်းတစ်ယောက်အနေနဲ့ Calendar ကို တွင်တွင်ကျယ်ကျယ်သုံးဖို့ ဘာလို့အရေးကြီးတာလဲ”

“ဝန်ထမ်းတစ်ယောက်အနေနဲ့ Calendar ကို တွင်တွင်ကျယ်ကျယ်သုံးဖို့ ဘာလို့အရေးကြီးတာလဲ”


လုပ်ငန်းခွင်ဝင်လို့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ သေချာတာတစ်ခုက အလုပ်တွေကိုဇယ်ဆက်သလို လုပ်နေရတော့မှာပါ။ အဲဒီလိုလုပ်ရတဲ့အလုပ်တွေထဲမှာ Meeting တွေ ၊ Deadline တွေနဲ့ Task တွေက အပါအဝင်ပါပဲ။ ဒါကြောင့် ဝန်ထမ်းတစ်ယောက်အနေနဲ့ စာအုပ် Calendar ဆောင်ဖို့ လိုအပ်လာပါတယ်။

ဘာလို့လဲဆိုတော့ စာအုပ် Calendar ထဲမှာ ကိုယ့်ရဲ့ Meeting တွေကို မှတ်ထားမယ်ဆိုရင် အချိန်တွေမတိုက်အောင်ညှိလို့ရတယ်။ Task တွေ ရေးထားမယ်ဆိုရင် ကိုယ့်ကိုအလုပ်ချင်တဲ့ စိတ်ကိုဖြစ်စေတယ်။ Deadline တွေကို ဆွဲထားမယ်ဆိုရင်လည်း ကိုယ်ဘယ်နေ့မှာ ဘယ်အလုပ်ကိုအပြီးသတ်လုပ်ရမယ်ဆိုတာကို Calendar ဖွင့်လိုက်တိုင်း သတိရနေပါလိမ့်မယ်။

နောက်ပြီး စာအုပ် Calendar ထဲမှာ မှတ်ထားသင့်တဲ့ အရေးအကြီးဆုံးအရာက ကိုယ်ဘာတွေလုပ်ခဲ့လဲဆိုတာကိုပါ။ Technology က တိုးတက်လာပြီမို့လို့ ကိုယ့်ရဲ့ Activity တွေကို Trackလုပ်ပေးနိုင်တဲ့ App တွေအများကြီးပေါ်နေတာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီ App တွေကိုသုံးတာက တိကျသေချာတဲ့ အချိန်ဇယားကိုမလုပ်ပေးနိုင်ဘူးလို့ထင်ပါတယ်။ ပြောရရင် App ကနေ အလိုအလျောက်ဆွဲပေးတဲ့ Event တွေထဲမှာ ကိုယ်တကယ်မသွားဖြစ်တာတွေ ၊ မလုပ်ဖြစ်တာတွေ ပါနေတတ်တယ်။

နောက်ပြီး အခုမှရုတ်တရက် သူငယ်ချင်းတစ်ယောက်က Lunch စားဖို့ ခေါ်တာတို့ဆိုရင် App ထဲမှာ အချိန်ဇယားဆွဲဖို့ အချိန်မရှိလို့ မမှတ်ထားမိလိုက်တာတွေရှိတယ်။ ပြောရရင်ကွာ ကိုယ်တွေပုံမှန်သုံးနေသလို App Calendar မှာ Meeting တွေ To-do list တွေ (Client ကနေ ကိုယ့် Email ကို ထည့်လိုက်တဲ့ Event တွေ) နဲ့ ပုံနေတော့ ကိုယ့်ရဲ့ Calendar ကြီးက ရှုပ်ပွနေတတ်တယ်။ ဒီလိုဖြစ်နေရင် ကိုယ်မပြီးတဲ့အလုပ်တွေရော ၊ မတတ်လိုက်တဲ့ Meeting တွေရော ၊ ပြီးသွားတဲ့ အလုပ်တွေရောနဲ့ စုပြုံပြီးရှုပ်နေမှာပါ။ အဲဒါနဲ့ ဘာတွေဖြစ်လို့ဖြစ်သွားမှန်းတောင် မသိလိုက်တာတွေရှိတယ်လေ။

ဒါပေမယ့် ကိုယ့်ရဲ့စာအုပ် Calendar ထဲမှာကျတော့ ကိုယ်တိုင်လက်နဲ့သေချာရေးမှတ်ထားတယ် ၊ ပြီသွားတာတွေဆိုရင် Cross Out လုပ်ထားမယ် ၊ Event တွေကို App နဲ့ထည့်ထာမဟုတ်တဲ့အတွက် မလုပ်ဖြစ်တဲ့အရာတွေကို မှတ်ထားတာတွေမရှိတော့ဘူး။ ကိုယ့်ရဲ့ စာအုပ် Calendar လေးက ကိုယ်အမှန်တကယ်လုပ်ထားတဲ့အရာတွေနဲ့ပဲ တိကျမှန်ကန်နေပါလိမ့်မယ်။ နောက်ပြီးတော့ စာအုပ် Calendar သုံးတာရဲ့ နောက်ထပ်အားသာချက်က App တွေဆိုရင် ပျက်သွားတတ်လို့ စိတ်မချရဘူး။ စာအုပ်ထဲမှာ မှတ်ထားတာကျတော့ အလုံးနဲ့အထည်နဲ့ဆိုတော့ ပိုပြီးစိတ်ချရတယ်။ နောက်ပိုင်းအလုပ်အသစ်တွေလေ ျှာက်တဲ့အခါမှာလည်း ကိုယ့်ရဲ့ စာအုပ် Calendar ကနေ Reference ပြန်ယူလို့ရပါတယ်။

ကိုယ့်အတွက်ကတော့ စာအုပ် Calendar က ပိုပြီးတော့ မှတ်မိစေပြီး ပိုပြီးတော့ စိတ်ချရပေမယ့် လူတိုင်းအတွက်တော့ ဒီလိုဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တချို့သူတွေက ဖုန်းထဲကနေပဲ အလွယ်တကူကြည့်လို့ရတာကို ပိုသဘောကျတယ်လေ။ ဘယ်လိုနေနေပါ ၊ နှစ်မျိုးလုံးမှာက သူ့အားနည်းချက်နဲ့ သူ့အားသာချက်တွေရှိတာဆိုတော့ ကိုယ့်အကြိုက်ကိုပဲ ရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် ဝန်ထမ်းတစ်ယောက်အနေနဲ့ Calendar ထဲမှာ မှတ်ထားတတ်တဲ့အကျင့်လေးကို မွေးမြူထားဖို့တော့ လိုအပ်ပါတယ်။

#calendarusuage #importance #knowledge

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်