“ကမ္ဘာမြေကြီးစိမ်းလန်းကျန်းမာဖို့အတွက် ဒီနေ့ကစပြီး ပြိုင်တူဖော်ဆောင်ရအောင်”

“ကမ္ဘာမြေကြီးစိမ်းလန်းကျန်းမာဖို့အတွက် ဒီနေ့ကစပြီး ပြိုင်တူဖော်ဆောင်ရအောင်”


ဒီ အကြောင်းကို ပြောရမယ်ဆိုရင်တော့ အမေ့အကြောင်းက စရပါလိမ့်မယ်။ အမေက ဈေးသွားရင် မနက်စာအတွက် မုန့်ဟင်းခါးဝယ်တိုင်း ဈေးခြင်းထဲမှာ စတီးချိုင့်ပါ ထည့်သွားတတ်ပါတယ်။ ဒီနေ့ကို သိနေလို့တော့ မဟုတ်ပါဘူး။ အရင်က တီဗီမှာလာဖူးတဲ့ ပလတ်စတစ်ပညာပေးဇာတ်လမ်းမှာ အပူနဲ့ထိတွေ့ထားတဲ့ ပလတ်စတစ်အိတ်ထဲက အစားအစာတွေကို စားမိရင် ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ပြောထားတာမို့ အဲဒီ့အချိန်ကစပြီး ဆန်ပြုတ်၊ မုန့်ဟင်းခါးလို ပူပူလောလော စားစရာတစ်ခုခုဝယ်တိုင်း ချိုင့်နဲ့ သူကိုယ်တိုင်လည်း ဝယ်သလို ကိုယ်တွေကိုလည်း ချိုင့်ယူသွားဖို့ တဖွဖွပြောတတ်ပါတယ်။

တစ်ခါတလေလည်း တွေးမိမယ်ထင်ပါတယ်။ ဒီလိုနေ့မျိုးတွေ သတ်မှတ်ထားတာ ပုံနေလို့ ဘယ်နေ့က ဘာမှန်းကို မသိတော့ဘူး ဆိုတာမျိုးပေါ့။ ဒီလိုနေ့တွေ သတ်မှတ်တယ်ဆိုတာ အလကားတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဇူလိုင် (၃) ရက်နေ့မှာ ကျရောက်တဲ့ “International Plastic Bag Free Day” ဖြစ်ပေါ်လာတာ အကြောင်းရင်းကြီးကြီးမားမား ရှိပါတယ်။

ပလတ်စတစ်အိတ်တွေက လူတွေရဲ့ နေ့စဉ်ဘဝမှာ အလွယ်တကူသုံးလို့ရပြီး နေရာတကာမှာ အံ့ဝင်ခွင်ကျဖြစ်တဲ့အချက်တွေကြောင့် ပလတ်စတစ်သုံးဖို့ကို ချက်ချင်းကြီးရပ်တန့်ဖို့ရာ ခဲယဉ်းတဲ့အခြေအနေတစ်ခု ရှိပါတယ်။ ဒါပေမယ့် မပြောမပြီး မတီးမမြည် ဆိုသလိုပဲ ပလတ်စတစ်ဟာ ရေရှည်မှာဆိုးကျိုးတွေဖြစ်လာမယ်ဆိုတဲ့အချက်ကို တစ်ဖက်ကနေ ထောက်ပြတဲ့အနေနဲ့ လူတွေကို သတိပြုမိအောင် “International Plastic Bag Free Day” ဆိုပြီး သတ်မှတ်ထားတာပါ။

ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတာ မဟုတ်ဘဲ နှစ်ပေါင်းရာချီတဲ့အထိ မဆွေးမြည့်နိုင်တဲ့အချက်၊ ပလတ်စတစ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက မြေဆီလွှာနဲ့ ရေတွေကို အဆိပ်အတောက်ဖြစ်နိုင်တာတွေနဲ့၊ ရေနေသတ္တဝါတွေလည်း ပလတ်စတစ်ကြောင့် အသက်ဆုံးရှုံးရတဲ့အထိဖြစ်နေတာတွေကို တွေ့ဖူးမြင်ဖူးနေမှာပါ။ ပလတ်စတစ်ကိုအသုံးမပြုဖို့က ချက်ချင်းဆိုသလို ရပ်တန့်ဖို့ခက်ခဲပေမယ့် တဖြည်းဖြည်း မသုံးမိအောင် လျှော့ချနိုင်မယ့် နည်းလမ်းတွေရှိတယ်ဆိုလည်း မမေ့ထားသင့်ပါဘူး။

ရုင်ရှင်ကြည့်ဖို့၊ စားဖို့သောက်ဖို့နဲ့ ဈေးဝယ်ထွက်ဖို့တွေကိုပါ တစ်နေရာတည်းမှာလုပ်လို့ရတဲ့ Shopping Center တွေဟာ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိဘဲ ပလတ်စတစ်တွေ အများကြီးအသုံးပြုနိုင်တဲ့နေရာ

ဖြစ်လိမ့်မယ်ထင်ပါတယ်။ အင်္ဂလိပ်ကားတွေမှာ စက္ကူအိတ်တွေ၊ ပုံးတွေကိုင်ပြီး ဈေးဝယ်လာတာတွေကို တွေ့ဖူးမှာပေါ့။ သူတို့ကြည့်ရတာ စတိုင်အတော်လေးကျတာတော့ အမှန်ပါပဲ။ သူတို့တွေလို ဒီမှာလည်း လုပ်လို့ရပါတယ်။ City Mart က လုပ်တဲ့ No Plastic Bag Day တွေမှာ တစ်ဖက်တစ်လမ်းက ပါဝင်အားဖြည့်ပေးတာမျိုးပေါ့။ ပလတ်စတစ်တွေအများကြီးကိုင်ပြီး ဈေးဝယ်ထွက်တာထက်စာရင် Recycle Bag တွေနဲ့ ထုပ်ရင် ထုပ် ဒါမှမဟုတ် City Mart က ပေးထားတဲ့ ကတ္တူတွေကို ပုံးလုပ်ပြီး ဈေးဝယ်ထွက်တာက မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းတာမျိုး ဖြစ်မှာ အသေအချာပါပဲ။

ပလတ်စတစ်ကို လူအများကြီးက ဝိုင်းဝန်းငြင်းပယ်ဖို့ရာ တစ်ယောက်၊ နှစ်ယောက်ဆိုတဲ့ အရေအတွက်ကနေ အစပြုရမှာပါ။ သင်တစ်ယောက်က အစပြုရာက သင့်မိသားစု သင့်သူငယ်ချင်း သင့်ဆွေမျိုး စတာတွေ ပါလာနိုင်ပါတယ်။ “ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်” ဆိုတဲ့ စကားပုံတောင် ရှိသေးတယ် မဟုတ်ပါလား။

#greenearth #plastics #reduce

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်