အပတ်စဉ်တိုင်းကို တီထွင်ဖန်တီးမှုကောင်းကောင်းနဲ့ ကျော်ဖြတ်သွားနိုင်ဖို့

အပတ်စဉ်တိုင်းကို တီထွင်ဖန်တီးမှုကောင်းကောင်းနဲ့ ကျော်ဖြတ်သွားနိုင်ဖို့

“Monday Blues” ဆိုပြီး စိတ်ညစ်မနေပါနဲ့။ တနင်္လာနေ့ကို လူတိုင်း မုန်းမိကြပေမယ့် တနင်္လာနေ့ကို မမုန်းနိုင်ဘဲ Creativity တွေကောင်းနေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပါ့မယ်နော်။ ဒါဆိုရင်တော့ ပျော်စရာ၊ ရွှင်စရာတနင်္လာနေ့လေးမှာ လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွလေး ဖြစ်နေတော့မှာပေါ့။

1.တစ်နေကုန်မအိပ်ပါနဲ့တော့

အရင်ဆုံးမှာချင်တာက တစ်နေကုန် မအိပ်ဖို့ပါပဲ။ စနေ၊ တနင်္ဂနွေဆိုရင် အသားကုန်အိပ်ကြတာ အကျင့်ပါနေကြပြီမလား။ ဒါပေမယ့် တနင်္ဂနွေနေ့မှာ အသားကုန်အိပ်မယ်ဆိုရင် ညဘက်တွေ အိပ်မပျော်နိုင်ဘဲ တနင်္လာနေ့မှာလည်း လန်းလန်းဆန်းဆန်း နိုးထနိုင်တော့မှာ မဟုတ်ပါဘူး။

Photo by Anita Austvika / Unsplash

2.မျက်လုံးကို အနားပေးပါ

စနေနေ့အထိ အလုပ်တွေလုပ်မိနေလို့ပဲဖြစ်ဖြစ်၊ Facebook တွေပွတ်နေမိလို့ပဲဖြစ်ဖြစ် မျက်လုံးကို ဆက်တိုက်ကြီးသုံးနေမိပြီဆိုရင်တော့ သတိထားပါ။ တနင်္ဂနွေနေ့ရောက်ရင်တော့ အလုပ်တွေလည်းမလုပ်ပါနဲ့တော့။ မျက်လုံးကို အနားပေးပြီး သာယာစိမ်းစိုတာတွေကိုပဲ များများအာရုံစိုက်ပေးပါ။ ဒါဆို တနင်္လာနေ့အတွက် ပိုအဆင်ပြေပါလိမ့်မယ်။

3.အယ်ကိုဟောကို ရှောင်ပါ

တနင်္ဂနွေနေ့အထိ “Happy Sunday” လုပ်ပြီး ဂွတ်မနေနဲ့တော့နော်။ တော်ကြာ ခေါင်းကိုက်ပြီး မထနိုင်ဖြစ်နေပါလိမ့်မယ်။ သောက်တာစားတာကလည်း အချိန်နဲ့အခါနဲ့ပဲ ကောင်းပါတယ်။ ဒီတော့ တနင်္ဂနွေနေ့မှာ အယ်ကိုဟောပါဝင်တာတွေ အားလုံးကို ရှောင်လိုက်ပါ။ သောကြာနေ့မှ ပြန်ဂွတ်တာပေါ့နော်။

4.ဝါသနာကို အချိန်ပေးပါ

9 to 5 အလုပ်မှာ ကျင်လည်ရတာကြာလာတော့ ကိုယ့်ရဲ့ ဝါသနာဆိုတာ ဘာမှန်းတောင် မမှတ်မိလောက်အောင် ပျောက်လာတယ်မဟုတ်လား။ တနင်္ဂနွေနေ့မှာ ဝါသနာကို အချိန်ပေးကြည့်ပါ။ ဘောလုံးကန်ချင်တဲ့သူက သူငယ်ချင်းတွေနဲ့ ချိန်းပြီး ဘောလုံးထွက်ကန်၊ ကတာ ဝါသနာပါတဲ့သူက Dance Studio တွေမှာ သွားက။ အဲဒီလို ဝါသနာကို အချိန်ပေးလိုက်ခြင်းအားဖြင့် နောက်တစ်ပတ်အတွက် ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို မြင့်တင်ပေးပါလိမ့်မယ်။

5.စိတ်ချမ်းသာမှုကို ရှာဖွေပါ

တကယ်ပြောတာပါ။ ကိုယ့်ရဲ့အိမ်က ကိုယ့်ကို စိတ်မချမ်းသာစေဘူးဆိုရင် အပြင်မှာ စိတ်ချမ်းသာစရာလေးတွေရှာဖွေပါ။ အပြင်မကြိုက်တဲ့သူဆိုရင်တော့ အိမ်ထဲမှာပဲ နေပေါ့။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် ပိုးမွေးသလို မွေးပြီး စိတ်ချမ်းသာအောင် ထားပါ။ တနင်္ဂနွေနေ့မှာလည်း အကြောင်းမျိုးစုံနဲ့ စိတ်ညစ်နေရမယ်ဆိုရင်တော့ နောက်တစ်ပတ်အတွက်လည်း စိတ်ချမ်းသာစရာ ကောင်းမယ်မထင်ပါဘူး။

အခုပြောတဲ့နည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင်တော့ တနင်္လာနေ့ကိုတင် မဟုတ်ပါဘူး။ လာမယ့်

အပတ်တိုင်းကို Creativity အပြည့်အဝနဲ့ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မှာပါနော်။

#weeklyactivies #creativity #tips #noalcohol

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်