■ လီဗာပူးလ်အသင်းဟာ အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းနောက်ခံလူ မာခ့်ဂူဟီကို ခေါ်ယူနိုင်ဖို့ ဦးဆောင်နေပါတယ်။ မာခ့်ဂူဟီကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်၊လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ ဒီရာသီကုန်ရင် လိုင်လီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ကနေဒါတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေဟာ ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ဂျူဗင်တပ်စ်၊အင်တာမီလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

■ စပို့တင်းလစ္စဘွန်းအသင်းတောင်ပံကစားသမား ကွမ်ဒါကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ထပ်စပို့တင်းလစ္စဘွန်းအသင်းကြယ်ပွင့်ဖြစ်တဲ့ အက်ဆူကို,ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်စ်ပါမားစ်အသင်းမှာ အငှားနဲ့ ကစားနေတဲ့ ပေါ်တူဂီကွင်းလယ်လူ အက်ဆူကို,ကို ပေါင်(၁၈.၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

■ PSG အသင်းကနေ ဂျူဗင်တပ်စ်အသင်းမှာ အငှားကစားနေတဲ့ ပြင်သစ်တိုက်စစ်မှူး ကိုလိုမူအာနီဟာ နယူးကာဆယ်အသင်းခေါ်ယူမယ့် ကစားသမားစာရင်းထဲ ပါဝင်နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးအစ်ဆက် ထွက်ခွာခဲ့ရင် အစားထိုးဖို့ စီစဉ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လူးဝစ်ဒီယက်ဇ်ကလည်း ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခြေအနေပေါ်မူတည်ပြီး လီဗာပူးလ်အသင်းထံ ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ရှိနေတာဖြစ်ပါတယ်။

■ စပါးအသင်းဟာ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စဉ်းစားမှုတွေပြုလုပ်နေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ဗလာဟိုဗစ်ကို စာချုပ်သက်တမ်းမတိုးခဲ့ရင် ရောင်းချသွားဖို့ရှိနေတာဖြစ်ပါတယ်။