■ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ကင်မရွန်းဂိုးသမား အိုနာနာဟာ မန်ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အိုနာနာဟာ မန်ယူနိုက်တက်အသင်းက သူ့ကိုမလိုအပ်တော့ဘူးဆိုမှသာ ထွက်ခွာဖို့ အစီအစဉ်ရှိတာဖြစ်ပါတယ်။ ■ ဆွီဒင်တိုက်စစ်မှူး အစ်ဆက်ဟာ သူတို့ရဲ့ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် နယူးကာဆယ်အသင်းဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကို ရပ်တန့်ထားပါတယ်။ အခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အစ်ဆက်ကို ခေါ်ယူဖို့ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ■ ချယ်လ်ဆီးအသင်းမှာ အငှားကစားနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဆန်ချိုကိုခေါ်ယူဖို့ လေဗာကူဆင်အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ■ စပါးနဲ့ မန်စီးတီးအသင်းအပါအဝင် ဥရောပထိပ်သီးတချို့က ပစ်မှတ်ထားနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဒီဘလင်းအတွက် ဆောက်သမ်တန်အသင်းက ပေါင်သန်း(၁၀၀)လိုချင်နေပါတယ်။ ဆောက်သမ်တန်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲသွားရောက်ကစားရဖို့နီးစပ်နေတာကြောင့် ဒီဘလင်းဟာ အသင်းက ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ■ နယူးကာဆယ်အသင်းဟာ လီဗာပူးလ်အသင်းဗဟိုနောက်ခံလူ ကွမ်ဆာကို ပေါင်သန်း(၃၀)နဲ့ ခေါ်ယူမှုပြုလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ နယူးကာဆယ်အသင်းဟာ ကွမ်ဆာကို ပုံမှန်ကစားခွင့်ပေးမယ်ဆိုတဲ့ အချက်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ■ ဂျူဗင်တပ်စ်အသင်းဟာ တောင်ပံနောက်ခံလူ ကမ်ဘီယာဆိုကို နွေရာသီမှာ ယူရိုသန်း(၃၀)နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ကမ်ဘီယာဆိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion