ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ မန်ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းတိုက်စစ်မှူး မာတီတာကို ခေါ်ယူမယ်ဆိုရင် ပေါင်သန်း(၄၀)ကုန်ကျမယ်လို့ သိရပါတယ်။ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် (၁၅)ဂိုးသွင်းယူထားတဲ့ မာတီတာရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ဇွန်ဆိုရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
■ အီတလီလူမျိုး အန်ဒရီဘာတာဟာ အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာအသစ်ဖြစ်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဒါရိုက်တာဟောင်းဟာ ချဉ်းကပ်မှုတွေအများကြီးရခဲ့ပေမယ့် လာမယ့်အပတ်အစောပိုင်းမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုသွားဖို့ရှိနေတာဖြစ်ပါတယ်။
■ ဘာစီလိုနာအသင်းနည်းပြဟောင်း ဇာဗီဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်ပြီး လာလီဂါမှာရှိတဲ့ အခြားအသင်းတစ်သင်းကို ကိုင်တွယ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဇာဗီဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက် ကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးတာဖြစ်ပါတယ်။
■ ဝက်စ်ဟမ်း၊ဝုလ်ဗ်စ်နဲ့အဲဗာတန်အသင်းတို့ဟာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဟောင်း အေဘရာဟမ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အေစီမီလန်အသင်းမှာ အငှားကစားနေတဲ့ အေဘရာဟမ်ကို ရိုးမားအသင်းက အပြီးသတ်ရောင်းချချင်နေပြီး အေစီမီလန်အသင်းက သူ့ကိုအပြီးသတ်ဝယ်ယူဖို့မရှိတာဖြစ်ပါတယ်။

■ ဆွီဒင်တိုက်စစ်မှူးယောကရက်စ်ဟာ လာမယ့်နွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ ယောကရက်စ်ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ယူနိုက်တက်၊ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့က ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ ဂျူဗင်တပ်စ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်လူတွေဖြစ်တဲ့ ဒေါက်ကလပ်စ်လူးဝဇ်နဲ့ တိုနယ်လီတို့ကို အလဲအလှယ်ပုံစံမျိုးပြုလုပ်သွားဖို့ရှိနေပါတယ်။ ဒေါက်ကလပ်စ်လူးဝစ်ဟာ ဂျူဗင်တပ်စ်အသင်းမှာရုန်းကန်နေရပြီး တိုနယ်လီက အီတလီကို ပြန်ချင်နေတာဖြစ်ပါတယ်။
Discussion