ဇူလှိုင်လကမှ အသစ်ထွက်ခဲ့တဲ့ Bluetooth Messaging App "Bitchat" က စစ်ပွဲတွေ ဆန္ဒပြပွဲတွေအပြင် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အချိန်တွေမှာ အတော်လေးကို လူသုံးများ အသုံးဝင်လာတဲ့ App တစ်ခုဖြစ်လာပါတယ်။

စစထွက်ချင်းတုန်းကတော့ သူ့ရဲ့ Privacy စိတ်ချတာရယ် Wifi မလို အင်တာနက်မလိုတဲ့ အချက်တွေရယ်ကြောင့် ခဏတာ ရေပန်းစားခဲ့ပေမဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ကြပါသေးတယ်။ အဲ့ဒီနောက် နီပေါနဲ့ အင်ဒိုနီးရှားဆန္ဒပြပွဲမှာ ပြန်လည်လူပြောများလာခဲ့ပြီး အသုံးလည်းများခဲ့တဲ့အပြင်ကိုမှ အမှန်တကယ်လည်း အသုံးဝင်ခဲ့တာကြောင့် လိုအပ်တဲ့ App တစ်ခုအဖြစ် လက်ခံခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဂျမေကာနိုင်ငံမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မလစ်ဆာမုန်တိုင်းကြောင့် နိုင်ငံအတွင်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရာမှာလည်း Bitchat က အတော်လေး အရေးပါခဲ့တယ်လို့ ဆိုရမှာပါ။ မုန်တိုင်းမတိုက်ခတ်စဉ်ကစလို့ မုန်တိုင်းတိုက်ခတ်စဉ်နဲ့ တိုက်ခတ်ပြီးနောက်ပိုင်းမှာ App ကို Download လုပ်သူ အများအပြားရှိခဲ့ပြီး App store မှာ နံပတ် ၂ နေရာမှာတောင် ရှိခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း အင်တာနက် အဆက်အသွယ်တွေ ပြတ်တောက်ချိန်မှာ လူပေါင်း ၃ သန်းနီးပါးက Bitchat ကြောင့်ပဲ ဆက်သွယ်ရေးတွေ ပြုလုပ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးတွေမှာလည်း အတော််လေး အသုံးဝင်ခဲ့ပါတယ်။

Bitchat ကို Email Account လည်း မလို၊ ဖုန်းနံပါတ်မလိုဘဲ လွယ်ကူစွာ ဖွင့်နိုင်ပါတယ်။ ဒါကြောင့် emergency backup အနေနဲ့ ဖုန်းထဲမှာ ရှိထားသင့်တဲ့ App ဆိုလည်း မမှားတာကြောင့် ထည့်ထားသင့်တယ်လို့ ထင်ပါတယ်။ Bitchat သုံးဖူးတဲ့ ဒါမှမဟုတ် သုံးလတ်စသူတွေရှိရင် review ဘာညာ ပြောခဲ့ပေးပါဦးခင်ဗျာ။