အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဟာ ၁၉၅၉ ခုနှစ်မှာ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၆ နိုင်ငံနဲ့အတူ "အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ" (SEAP Games) အဖြစ် စတင်ကျင်းပခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေတိုးချဲ့ပြီး လက်ရှိနာမည်ဖြစ်တဲ့ SEA Games အဖြစ် ပြောင်းလဲခဲ့ပါတယ်။
နှစ်စဉ်ကျင်းပနေတဲ့ ဒီအားကစားပွဲတော်ကြီးမှာ၊ E-Sports (အီလက်ထရောနစ်အားကစား) ကိုတော့ ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာကျင်းပခဲ့တဲ့ (၃၀) ကြိမ်မြောက်ပြိုင်ပွဲမှာမှ တရားဝင်တံဆိပ်ဆုချီးမြှင့်တဲ့ အားကစားနည်းတစ်ခုအဖြစ် စတင်ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး၊ Mobile Legends: Bang Bang, Dota 2, PUBG Mobile တို့လို နာမည်ကြီးဂိမ်းတွေဟာ SEA Games ရဲ့ အဓိကပြိုင်ပွဲတွေအဖြစ် ပါဝင်လာခဲ့ပြီး၊ အာဆီယံဒေသတွင်း လူငယ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရရှိခဲ့ပါတယ်။
(၃၃) ကြိမ်မြောက် SEA Games နှင့် မြန်မာ့ကိုယ်စားပြု Falcon Esports
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် SEA Games တွင် မြန်မာနိုင်ငံကိုယ်စားပြု E-Sports အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် Falcon Esports အသင်းက အမျိုးသားရော၊ အမျိုးသမီးပြိုင်ပွဲများတွင်ပါ ထပ်မံရွေးချယ်ခံခဲ့ရသည်။

"National Esports Championship 2025" ပြိုင်ပွဲကြီးမှာ၊ Falcon Esports အသင်းက Ai Esports ကို အနိုင်ရရှိပြီး အမျိုးသားကိုယ်စားပြုအဖြစ်လည်းကောင်း၊ Falcon Daisies အသင်းက Terror Queens ကို အနိုင်ရရှိပြီး အမျိုးသမီးကိုယ်စားပြုအဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
Falcon Esports အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ (၃၂) ကြိမ်မြောက် SEA Games တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ကြေးတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။
မြန်မာ E-Sports ၏ အခြားသော နိုင်ငံတကာအောင်မြင်မှုများ
SEA Games အပြင်၊ အခြားသော နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း မြန်မာအသင်းတွေက အောင်မြင်မှုတွေရရှိထားပါတယ်။ အထူးသဖြင့် Yangon Galacticos အသင်းက PUBG Mobile World Cup 2025 မှာ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဟာ မြန်မာ E-Sports သမိုင်းအတွက် အကြီးမားဆုံးအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ E-Sports အသင်းတွေဟာ ၂၀၂၃ ခုနှစ် World Esports Championship ရဲ့ Dota 2 ပြိုင်ပွဲမှာ ငွေတံဆိပ်၊ နှင့် တရုတ်နိုင်ငံ၊ Hangzhou (ဟန်ကျိုး) မြို့မှာကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲရဲ့ Honour of Kings ပြိုင်ပွဲမှာ အဆင့် ၅ နေရာအထိ ရရှိခဲ့တာကြောင့်၊ ယခုနှစ်ပြိုင်ပွဲအပေါ်မှာလည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေက မြင့်တက်နေပါတယ်။
Discussion