ကိုယ်ရေးကိုယ်တာလုံခြုံမှုအား ဦးစားပေးထားသော လုပ်ဆောင်ချက်များစွာဖြင့် Rakuten Viber သည် မြန်မာပြည်သူပြည်သူများအတွက် ဆက်လက်တည်ရှိသွားမည်

ကိုယ်ရေးကိုယ်တာလုံခြုံမှုအား ဦးစားပေးထားသော လုပ်ဆောင်ချက်များစွာဖြင့် Rakuten Viber သည် မြန်မာပြည်သူပြည်သူများအတွက် ဆက်လက်တည်ရှိသွားမည်

အခမဲ့နှင့် အလွယ်တကူဆက်သွယ်ပြောဆိုနိုင်ရန် ဆောင်ရွက်ထားသော ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Rakuten Viber သည် ၂၀၂၁ ခုနှစ်အတွင်း ရရှိခဲ့သော အောင်မြင်မှုများနှင့် ပေးအပ်ခဲ့သော လုပ်ဆောင်ချက်များအား ထုတ်ဖော်ပြသခဲ့သည်။ လုံခြုံစိတ်ချရပြီး ကောင်းမွန်ပြည့်စုံသော အက်ပလီကေးရှင်းအသုံးပြုမှု အတွေ့အကြုံများဖြစ်သည့် ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ်ရှိနေနိုင်သည်ဟူသည့် ခံစားချက်အား နည်းပညာကုမ္ပဏီကြီးတစ်ခုအနေဖြင့် အသုံးပြုသူများအတွက် ပေးအပ်နိုင်ခဲ့ပြီး နောက်နောင်တွင်လည်း ထိုကဲ့သို့သော လုပ်ဆောင်ချက်များအား ဆက်လက်ပေးအပ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် Viber အတွက် ခက်ခဲသော နှစ်တစ်နှစ်ဖြစ်ခဲ့သော်လည်း အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံရေးအတွက် ဦးစားပေးသော လုပ်‌ဆောင်ချက်များ ထည့်သွင်းခြင်းဖြင့် အက်ပလီကေးရှင်းအား ဆန်းသစ်စေနိုင်ခဲ့ပါသည်။
အက်ပလီကေးရှင်းအတွင်း ထည့်သွင်းပေးထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအား အဆင့်မြှင့်တင်ရန်အတွက် Viber Group Chat များ အတွင်း၌ အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး မက်ဆေ့ချ်များအား အလိုအလျောက် ပျောက်ကွယ်သွားစေနိုင်သော လုပ်ဆောင်ချက်အား ထည့်သွင်းပေးခဲ့သည်။ ယခုဆိုလျှင် Viber အသုံးပြုသူများမှ Group Chat များအတွင်း၌ မိမိပေးပို့လိုက်သော မက်ဆေ့ချ်အား တစ်ဖက်သူမှ ဖွင့်ကြည့်ပြီး‌ ၁၀ စက္ကန့်၊ ၁ မိနစ်၊ ၁ နာရီ၊ ၁ ရက် စသဖြင့် သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်း အလိုအလျောက် ပျောက်ကွယ်စေရန် လုပ်ဆောင်ခွင့်ပေးထားသည့်အတွက် အလားတူလုပ်ဆောင်ချက် ပေးအပ်ထားသည့် အခြားသော စာတိုပို့ဆောင်ရေး အက်ပလီ‌ကေးရှင်းများထက် ရွေးချယ်စရာ ပိုမိုများပြားသည်ဟုလည်း ဆိုနိုင်သည်။
တစ်ဖန် ၂၀၂၁ ခုနှစ်အတွင်း နေအိမ်မှာသာ နေကြရသည့် အချိန်များ၌ အသုံးပြုသူများ၏ စိတ်ဝင်စားရာ နယ်ပယ်အလိုက် ဝင်ရောက်နိုင်သော Community နှင့် Bot များအားလည်း ထည့်သွင်းပေးခဲ့သည်။ အသုံးပြုသူများမှ မန်ဘာများအား အဆင့်မြှင့်တင်ခြင်း၊ မက်ဆေ့ချ်များအား ထိပ်ဆုံးတွင် ပေါ်နေစေရန် pin ပြုလုပ်နိုင်ခြင်း၊ အဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်အဆင့်သတ်မှတ်ခြင်း၊ private မက်ဆေ့ချ်များဝင်ရောက်မှုကို ပိတ်ထားနိုင်ခြင်း စသည်ဖြင့် လုပ်ဆောင်ချက်များအား ထည့်သွင်းခဲ့သည်။ Community အတွင်း၌ အသုံးပြုသူများ၏ ဖုန်းနံပါတ်အား အခြားသူများမှ မကြည့်ရှုနိုင်စေရန် ဖျောက်ထားပေးသည့်အပြင် GIF များ၊ စတစ်ကာများ၊ ဗွီဒီယိုမက်ဆေ့ချ်များ အစရှိသဖြင့် လုပ်ဆောင်ချက်အဖုံဖုံအားလည်း အသုံးပြုနိုင်ခဲ့ကြသည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ဘဏ်များ (AGD Bank, AYA Bank)၊  ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ (Ooredoo, MPT, Telenor, Unilink Myanmar)၊ လူသုံးကုန်ပစ္စည်းဆိုင်ရာကုမ္ပဏီများ (Unilever - Rexona, Sunsilk, Vaseline, Elan & Family Care)၊ ဖျော်ဖြေရေးဆိုင်ရာပလက်ဖောင်းများ (movie short review, channel myanmar, mahar)၊ ကုန်တိုက်များ (CMHL)၊ မိုဘိုင်းဖုန်းလုပ်ငန်းများ (Samsung)၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ (MyJobs) တို့အပြင် အခြားအသေးစားလုပ်ငန်းများအနေဖြင့်လည်း  ဝယ်ယူသူများနှင့် ဆက်သွယ်နိုင်စေရန် Communities များအား အသုံးပြုလျက်ရှိပါတယ်။ NGO များ၊ လူမှုဖူလုံရေးနဲ့ ကယ်ဆယ်ရေးအသင်းများဖြစ်သည့် WHO Myanmar Covid19, နှင့် Myanmar Red Cross, Ma Shat Nae တို့မှလည်း Viber Communities များမှတစ်ဆင့် ဝေးလံခေါင်ခိုက်သောနယ်မြေများအတွက် လိုအပ်သည့် ဆေးဝါးနှင့် ပစ္စည်းကိရိယာများအား ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ပြည်သူများ မိမိတို့ကံကြမ္မာကို ကြိုတင်ဆန်းစစ်သိရှိနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် အကျော်ကြားအထင်ရှားဆုံး ဗေဒင်လက္ခဏာ ပညာရှင်ဖြစ်သူ ဆရာ စံ-ဇာဏီဘို၏ ‌ခန့်မှန်းဟောကြားချက်များအား မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် အပတ်စဥ်ကြည့်ရှုနိုင်မည့် Horoscope bot အားလည်း Viber အက်ပလီကေးရှင်းအတွင်း ထည့်သွင်းခဲ့ပါတယ်။မြန်မာနိုင်ငံ၏ အနာဂတ် စာတိုပို့‌ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် လမ်းခင်းပေးသည့်အနေဖြင့်  Rakuten Viber သည် rangoon.tech နှင့် Sassy Bound အပါအဝင် ပြည်တွင်းကျွမ်းကျင်ပညာရှင်များစွာနှင့် ပူးပေါင်းကာ မြန်မာမှုပြုထားသည့် AR Lenses များအားလည်း ၂၀၂၁ ခုနှစ်အတွင်းတွင် မိတ်ဆက်ပေးနိုင်ခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်အသစ် ဖန်တီးထည့်သွင်းခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လက်ရှိအခြေအနေတွင် ပြည်သူများ အပြုသဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်လာစေရန်နှင့် ပျော်ရွှင်စေရန်ဖြစ်သည်။ Lens များအား အသုံးပြု၍ အသုံးပြုသူများသည် ၄င်းတို့၏ အသွင်သဏ္ဍာန်အား မြန်မာ့ပစ်တိုင်းထောင်ရုပ်အဖြစ် ကူးပြောင်းခြင်း၊ သူငယ်ချင်းများဖြင့် မြေအိုးဂိမ်းယှဥ်ပြိုင်ဆော့စကားခြင်း၊ ဦးရွှေရိုးအဖြစ် အသွင်ယူခြင်း အစရှိသည်တို့အား လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း Viber အသုံးပြုမှုများအား ဆန်းစစ်ကြည့်ရာ၌ Viber community အသုံးပြုမှုသည် ၄၈ ရာခိုင်နှုန်းခန့် လည်းကောင်း၊ Chatbot အသုံးပြုမှုသည်လည်း ၃၂ ရာခိုင်နှုန်းခန့် လည်းကောင်း တိုးမြင့်လာသည်ကို တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံ၌ နေအိမ်မှအလုပ်လုပ်ကိုင်ခြင်း အလေ့အထကို ဆက်လက်ကျင့်သုံးလျက်ရှိသည့် အလျောက် group chat များအတွင်း မက်ဆေ့ချ်ပေးပို့မှုအားဖြင့် ၂၃ ရာနိုင်နှုန်း၊ group chat  များ ဖန်တီးလုပ်ဆောင်မှုအားဖြင့် ၂၄ ရာခိုင်နှုန်း၊ private မှ ဆက်သွယ်ပြောဆိုမှုအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် အသီးသီး တိုးမြင့်ခဲ့သည်။ အချုပ်အားဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဆက်သွယ်ပြောဆိုရာ၌ Viber အက်ပလီကေးရှင်းအား ယုံယုံကြည်ကြည်ဖြင့် ပိုမိုသုံးစွဲလာကြသည်ကို တွေ့မြင်ရသည်။
“ပြည်သူတွေက ကပ်ရောဂါကြောင့် လူချင်းတွေ့ဆုံဆက်သွယ်တာတွေ တတ်နိုင်သလောက် လျှော့ချလိုက်ကြရတဲ့အတွက် အချင်းချင်း အဆက်အသွယ်မပြတ် ဆက်လက်ရှိနေစနိုင်ဖို့ Viber က လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် လုပ်‌ဆောင်ချက်တွေ ထည့်သွင်းပေးခဲ့ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse မှ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး “ပြည်သူတွေ ဆက်သွယ်ပြောဆိုရာမှာ အပြုသူဘောဆောင်တဲ့ အတွေးအမြင်တွေ ရရှိနိုင်ဖို့အတွက်လည်း Lens တွေ၊ sticker တွေ၊ GIF တွေကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်” ဟုလည်း ပြောကားသွားခဲ့ပါသည်။
၂၀၂၂ တွင်လည်း အောင်မြင်မှုမှတ်တိုင်အသစ်များ ထပ်မံချမှတ်သွားနိုင်ဖို့အတွက် Viber မှ ရည်သန်ထားပါသည်။ ပြည်သူများ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ၊ အလုပ်ကိစ္စများအတွက်ဖြစ်စေ ပြောဆိုဆက်သွယ်နိုင်ရန်အတွက် အကောင်းဆုံးသော လုပ်ဆောင်ချက်များအား အက်ပလီကေးရှင်းအတွင်း ဆက်လက်ထည့်သွင်းပေးသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံစိတ်ချရမှုသည် ပထမဦးစားပေးဖြစ်သောကြောင့် အဆိုပါလုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်များအား အလေးပေး လုပ်ဆောင်သွားမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် ၄င်းတို့၏ ဝယ်ယူအားပေးသူ customer များနှင့် ဆက်သွယ်ပြောဆိုနိုင်စေရန်အတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Viber အက်ပလီကေးရှင်းအား ဆန်းသစ်တီထွင်ထားသော လုပ်ဆောင်ချက်များစွာဖြင့် ဆက်လက်အဆင့်မြှင့်တင်သွားမည် ဖြစ်သည်။

Akhayar Lifestyle

Read more

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်