အင်တာနက်မြန်နှုန်းလေးစစ်ပြီး ဘယ်သူအမြန်ဆုံးလဲ ကြည့်လိုက်ရအောင်

အင်တာနက်မြန်နှုန်းလေးစစ်ပြီး ဘယ်သူအမြန်ဆုံးလဲ ကြည့်လိုက်ရအောင်

online မှာ game ဆော့နေရင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ်က သီချင်းနားထောင်ရင်ပဲဖြစ်ဖြစ် အင်တာနက်ကနှေးကွေးနေရင် စိတ်ရှုပ်ရပါတယ်။ လုပ်ငန်းခွင်မှာဆိုရင်လည်း file တွေကို download/upload လုပ်တာ ကြန့်ကြာနေရင် စိတ်အနှောင့်အယှက်ဖြစ်ရရုံမက ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေပါတယ်။
မိတ်ဆွေက မိမိရဲ့အင်တာနက် ဘယ်လောက်မြန်လဲဆိုတာကို နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းကိန်းဂဏန်း တွေ နဲ့ တိုင်းတာမှုတွေကို စိတ်ဝင်စားတယ်ဆိုရင် ၊ မိမိနိုင်ငံထဲမှာ ဘယ်အင်တာနက်ကွန်ရက်က ကအမြန်ဆုံးဆိုတာ သိချင်တယ်ဆိုရင်တော့ ကျွန်တော် အဖွဲ့အစည်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီ အဖွဲ့အစည်း ကတော့ နိုင်ငံတကာမှာ လူသိများထင်ရှားပြီး စိတ်ချရတဲ့ အင်တာနက်မြန်နှုန်းတိုင်းတာတဲ့ ‘Speedtest by Ookla’ ပဲဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း ရဲ့  Website နဲ့ Application ကနေတစ်ဆင့် ကိုယ့် အင်တာနက်မြန်နှုန်းကို စစ်ဆေးကြည့်နိုင်ပါတယ်။ ဒါ့အပြင် Ookla က ဘယ်နိုင်ငံမှာ ဘယ်အင်တာနက်က အမြန်ဆုံးလဲ ဆိုတာကို ထုတ်ပြန်ပေးပါသေးတယ်။
Ookla ရဲ့ အင်တာနက်မြန်နှုန်းကြေညာချက်အရ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ telecom operator လေးခုထဲကမှ Mytel က ပျှမ်းမျှ download speed 31.38 Mbps၊ upload speed 16.07 Mbps၊  အင်တာနက်မြန်နှုန်းရမှတ် (speed test score)  36.58 နဲ့ အမြန်ဆုံး တယ်လီကွန်းကွန်ရက်ဆုနဲ့ နံပါတ် (၁) နေရာကို ရရှိခဲ့ပါတယ်။  ဒါ့ပြင် Mytel က ဒုတိယနေရာမှာရှိတဲ့ တယ်လီကွန်းကွန်ရက်ရဲ့ မြန်နှုန်းရမှတ်ထက် ၁၀ မှတ်နီးပါးများတာကိုလည်း တွေ့ရပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ၂၀၂၀ ရဲ့ ပထမနဲ့ဒုတိယ သုံးလပတ်ကာလတွေဟာဆိုရင် Covid 19 ကပ်ရောဂါကြောင့် အပြင်သွားတာတွေလျော့ချပြီး အိမ်မှာနေဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့ကာလဖြစ်လို့ အင်တာနက် အသုံးပြုမှုဟာ အဆများစွာ မြင့်တက်ခဲ့ပါတယ်။ ဒီကာလမှာ လူတွေက online ကနေတစ်ဆင့် လုပ်တဲ့ business meeting တွေ၊ online learning တွေ၊ E-commerce နဲ့ အခြားသော online လုပ်ငန်းလုပ်ဆောင်မှုတွေအပြင်  COVID-19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီ သိနိုင်ဖို့  အင်တာနက်ကို ပိုမိုအသုံးပြုလာကြတာမို့ သုံးစွဲမှုနှုန်းဟာ အရင်ကာလတွေထက် လွန်စွာမြင့်တက်ခဲ့ပါတယ်။ ဒီလို သုံးစွဲမှုအလွန်များပြားလာတဲ့ အချိန်မှာတောင် Mytel ဟာ အမြန်ဆုံး အင်တာနက်ကို ထောက်ပံ့ပေးနိုင်ခဲ့တာက ဘာကြောင့်လဲလို့ဆိုရင် Mytel က သူ့ရဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အဦးတွေကို ခေတ်မီဆန်းသစ်တဲ့နည်းပညာတွေနဲ့ တည်ဆောက်ထားပြီး သုံးစွဲသူတွေအတွက် အရည်အသွေးမြင့်မားကောင်းမွန်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို အသုံးပြုထားတာတွေကြောင့် အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။


အခုမိမိ သုံးနေတဲ့ အင်တာနက်က ဘယ်လောက်မြန်တယ်ဆိုတာ စစ်ဆေးချင်တယ်ဆိုရင် https://www.speedtest.net/ မှာစစ်ဆေးလို့ရပါတယ်။ ကဲ.. မိတ်ဆွေတို့လည်း မိမိ အင်တာနက်မြန်နှုန်းကို စစ်ပြီးရင်တော့ အရင်လို စိတ်မှန်းနဲ့ မြန်တယ် နှေးတယ် ပြောနေဖို့မလိုတော့ပဲ ကိန်းဂဏန်း တိတိကျကျနဲ့ ပြောနိုင်ပြီပေါ့။  ပြီးရင် သူငယ်ချင်းအချင်းချင်း ဘယ်သူ့ အင်တာနက်က ဘယ်လောက်မြန်တယ်ဆိုပြီး အပျော်သဘောနဲ့ ဆွေးနွေးရင်း အမြန်ဆုံးဖြစ်တဲ့ Mytel ရဲ့ ကွန်ရက်ကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ