နှစ် ၂၀ ပြည့်အနေနဲ့ Bezel မမြင်ရတဲ့ ဒီဇိုင်းအသစ်ကို တွေ့ရမယ်

နှစ် ၂၀ ပြည့်အနေနဲ့ Bezel မမြင်ရတဲ့ ဒီဇိုင်းအသစ်ကို တွေ့ရမယ်

Apple ဟာ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ Apple Foldable (ခေါက်ဖုန်း) နဲ့အတူ မော်ဒယ်အသစ်တစ်မျိုးကိုပါ မိတ်ဆက်သွားနိုင်ခြေရှိကြောင်း Mark Gurman က ပြောခဲ့ပါတယ်။ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ မတူထူးခြားတဲ့ ပုံစံအသစ်တစ်မျိုးနဲ့ တွေ့ရမယ့် iPhone မော်ဒယ်အသစ်ဟာဆိုရင် အရင်မော်ဒယ်တွေနဲ့ လုံးဝမတူမယ့်အပြင် Bezel မပါတဲ့ ဖန်ချပ်တစ်ချပ်လိုမျိုး တွေ့နိုင်မယ်လို့ ဆိုနေကြပါတယ်။ 

ကိုရီးယားက ET News ဆိုတဲ့သတင်းစာတစ်စောင်က ထုတ်ပြန်ထားတဲ့ အသေးစိတ်သတင်းအရ Apple ဟာ မော်ဒယ်အသစ်အတွက် အတော်လေးကိုထူးခြားတဲ့ မျက်နှာပြင်အသစ်တစ်ခု ဖန်တီးနေပြီး ဒီ Display Panel အသစ်ဟာဆိုရင် မှန်ချပ်လေးအလားဖြစ်မှာပါ။ တခြားဖုန်းတွေမှာတွေ့ရတဲ့ ပုံမှန် curved display လို့မဟုတ်ဘဲ Bezel တွေကို မမြင်ရတဲ့ မှန်ချပ်ပါးပါးလေးပုံစံအတိုင်း မြင်ရမယ်လို့ ဆိုထားတာပါ။ 

ဒီ Glass Display Panel ကို ဖန်တီးဖို့အတွက် Apple ဟာ Samsung နဲ့ LG တို့နဲ့ ပူးပေါင်းမှုအချို့ပြုလုပ်နေတယ်လို့လည်း ကောလဟလတွေထွက်လာပါတယ်။ နောက်ပြီး လောလောဆယ်နာမည်ကြီးနေတဲ့ Under Display Camera နည်းပညာထည့်သွင်းလာမယ့်အပြင် Dynamic Island ကို ဖယ်ရှားသွားမှာဖြစ်ပြီး Battery Life ပိုများစေမယ့် Solia State Battery နည်းပညာကိုလည်း ထည့်သွင်းသွားမယ်လို့ ဆိုထားပါသေးတယ်။ ET News ရဲ့ သတင်းအရ Apple က “pure silicon” ကိုအသုံးပြုမယ်လို့ဆိုပါတယ်။

သေချာတာတော့ နှစ် ၂၀ ပြည့်မှာ Apple ရဲ့ ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့အတူ ထူးခြားဆန်းသစ်မှုတွေကိုတော့ သေချာပေါက်တွေ့နိုင်ခြေများနေပါပြီ။ မော်ဒယ်အသစ်ကိုရော ခေါက်ဖုန်းကိုရော စောင့်ကြည့်ရတော့မှာ အမှန်ပါပဲ...


Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ