နှစ်(၅၀)ကျော်အကြာမှာ ကိုပါအီတာလီယာချန်ပီယံဆုကို တတိယအကြိမ်ရယူနိုင်ခဲ့တဲ့ ဘိုလော့ဂ်နာ

နှစ်(၅၀)ကျော်အကြာမှာ ကိုပါအီတာလီယာချန်ပီယံဆုကို တတိယအကြိမ်ရယူနိုင်ခဲ့တဲ့ ဘိုလော့ဂ်နာ

ကိုပါအီတာလီယာဗိုလ်လုပွဲ

အေစီမီလန်(၀-၁)ဘိုလော့ဂ်နာ

၂၀၂၅ ကိုပါအီတာလီယာဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ဖို့ ပိုမိုရေပန်းစားနေတဲ့ အေစီမီလန်အသင်းကို ဘိုလော့ဂ်နာအသင်းက (၁-၀)ဂိုးနဲ့အနိုင်ယူပြီး နှစ်(၅၀)ကျော်အကြာမှာ ကိုပါအီတာလီယာချန်ပီယံဆုကို တတိယအကြိမ်မြောက်ရယူနိုင်ခဲ့ပါတယ်။

ကိုပါအီတာလီယာချန်ပီယံဆုကို ဘိုလော့ဂ်နာအသင်းက ၁၉၇၀၊ ၁၉၇၄ ခုနှစ်တွေမှာ ရယူနိုင်ခဲ့တာဖြစ်ပြီး (၅၁)နှစ်အကြာမှ ထပ်မံဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ ကိုပါအီတာလီယာချန်ပီယံဆုကို နောက်ဆုံးရယူနိုင်ခဲ့တဲ့ အေစီမီလန်အသင်းကတော့ (၆)ကြိမ်မြောက်ဆွတ်ခူးဖို့ အနီးစပ်ဆုံးအခြေအနေရောက်ပြီးမှ လွဲခဲ့ရတာပါ။

အသင်းကြီးဖြစ်တဲ့ အေစီမီလန်က ချန်ပီယံဖြစ်ဖို့ ပိုရေပန်းစားခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာအသင်းက ဂိုးသွင်းခွင့်တွေပိုရခဲ့ပြီး ပိုမိုတိကျသေချာတဲ့ ဂိုးကန်သွင်းမှုတွေနဲ့အတူ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီရာသီ စီးရီအေအမှတ်ပေးဇယားမှာ ရမှတ်(၂)မှတ်သာကွာပြီး အဆင့်(၇)နဲ့ အဆင့်(၈)နေရာတွေမှာ အထက်အောက်ရပ်တည်နေကြတဲ့ အသင်းနှစ်သင်းရဲ့ပွဲဖြစ်တာကြောင့် ဒီပွဲက ခြေစွမ်းချင်းသိပ်မကွာဘဲ အပြန်အလှန်ရှိခဲ့ပါတယ်။

ပွဲချိန်(၅၃)မိနစ်မှာ တောင်ပံကစားသမားအန်ဒိုယီသွင်းခဲ့တဲ့ဂိုးကို ပူလီဆစ်၊ ဂျိုဗစ် ၊ ရာဖယ်လ်လီယိုအစရှိတဲ့ အေစီမီလန်ကစားသမားတွေ မချေပနိုင်ခဲ့ဘဲ တစ်လုံးတည်းသောဂိုးနဲ့ပဲ အေစီမီလန်အသင်း အရှုံးပေးခဲ့ရတာပါ။

ဒီရာသီမှာ အေစီမီလန်အသင်းကို အီတလီစူပါဖလားရယူပေးခဲ့တဲ့ နည်းပြကွန်ဆီဆာအိုလည်း ပြည်တွင်းဖလား(၂)လုံးချန်ပီယံအဖြစ် အောင်ပွဲခံဖို့ အခွင့်အရေးနဲ့ လွဲခဲ့ရပါတယ်။

ကိုပါအီတာလီယာချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့ ဘိုလော့ဂ်နာအသင်းက ရာသီကုန်မှာ စီးရီးအေထိပ်ဆုံး(၆)သင်းစာရင်းမဝင်ရင်တောင် ကိုပါအီတာလီယာချန်ပီယံဖြစ်ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာသေချာသွားခဲ့ပြီး အေစီမီလန်ကတော့ စီးရီးအေလက်ကျန်(၂)ပွဲမှာ ဥရောပဝင်ခွင့်အတွက် ဆက်ရုန်းကန်ရမှာပါ။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ