နှစ်ပေါင်း (၁၀၀) အသုံးပြုနိုင်မည့် Battery

နှစ်ပေါင်း (၁၀၀) အသုံးပြုနိုင်မည့် Battery

တရုတ်က အကြွေစေ့အရွယ် နျူကလီးယားဘက်ထရီကို မိတ်ဆက်ခဲ့ပြီး နှစ် 100အသုံးပြုခံနိုင်မည်လို့ဆိုထားပါသည်။

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Betavolt သည် betavoltaic စွမ်းအင်ကိုအသုံးပြုသည့် ဒင်္ဂါးပြားအရွယ်နျူကလီးယားဘက်ထရီကို တီထွင်ဖန်တီးခဲ့ပြီး နျူစွမ်းအင်အောင်မြင်မှုတွင်သိသာထင်ရှားသောအောင်မြင်မှူတစ်ခုလို့ဆိုရမည်။

ဤသေးငယ်သော Battery(ဓာတ်အားပေးစက်ရုံ)သည်အဆက်မပြတ်လျှပ်စစ်ထုတ်ပေးရန်အတွက် ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်များကို သေချာစမ်းသပ်ပြင်ဆင်ထားသည့်အတွက် အားပြန်သွင်းရန်လိုအပ်ချင်းမရှိဘူးလို့လဲသိရပါတယ်။

လက်ရှိတီထွင်မှုသည် အနှစ် 50 အထိအသုံးပြုနိုင်သော်လည်း ဆက်လက်စမ်းသစ်မှုများနှင့်ပေါင်းစည်းကာ အသုံးပြုနိုင်မည့်သက်တမ်းကို အနှစ် 100 အထိခံနိုင်လိမ့်မည်ဟုအံ့ဩဖွယ်ရာသိရှိရသည်။

ယခုတီထွင်ထားသော ဘက်ထရီသည် အလွန်ကျစ်ကျစ်လျစ်လျစ်ရှိပြီး တာရှည်ခံကာ၊ လူ့ပတ်ဝန်းကျင်အတွက် ဘေးကင်းပြီး မိုက်ခရိုအီလက်ထရွန်းနစ်၊ အာကာသစူးစမ်းလေ့လာရေးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအတွက်အဓိကရည်ရွယ်ထားတာလို့လဲဆိုထားပါတယ်။

ဤအောင်မြင်မှုသည် အလွန်သေးငယ်ပြီးမစ်ရှင်များနှင့် အရေးပါသည့်စဉ်ဆက်မပြတ်လျှပ်စစ်ဓါတ်အားလိုအပ်သောစက်ပစ္စည်းများအတွက်မရှိမဖြစ်လိုအပ်လာမည့် battery ဖြစ်လာလိမ့်မည်။

Read more

မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang က အမေရိကန်အစိုးရအဖွဲ့အစည်းသည်တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပျူတာchip များပို့ခြင်းကို တားမြစ်တဲ့စည်းမျဉ်းများအား“မအောင်မြင်

WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

ScotRail ရထားလိုင်းသည်ရထားပေါ်တွင် ခရီးသည်များ wi-fi အသုံးပြုနိုင်ရန်အတွက် Elon Musk ၏ ဂြိုလ်တုနည်းပညာကို အသုံးပြုမည်ဖြစ်သည်။စကော့တလန်မြောက်ပိုင်းရှိ ရထားခြောက်စင်းကို ကမ္ဘာမြေပြ

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

UEFA Nations League Semi-Final စပိန် (၅-၄) ပြင်သစ် ဒီနောက်ပိုင်း ဥရောပမှာ ပြိုင်ဆိုင်မှုကြီးမားလာကြတဲ့ စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲက တစ်ပွဲလုံးအပြ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

UEFA Nations League Semi-Final စပိန် - ပြင်သစ် (6 June 2025/ 1:30 am) ၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ဒီညကစားကြမှာဖြစ်