နှစ်ပေါင်း (၁၀၀) အသုံးပြုနိုင်မည့် Battery

တရုတ်က အကြွေစေ့အရွယ် နျူကလီးယားဘက်ထရီကို မိတ်ဆက်ခဲ့ပြီး နှစ် 100အသုံးပြုခံနိုင်မည်လို့ဆိုထားပါသည်။

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Betavolt သည် betavoltaic စွမ်းအင်ကိုအသုံးပြုသည့် ဒင်္ဂါးပြားအရွယ်နျူကလီးယားဘက်ထရီကို တီထွင်ဖန်တီးခဲ့ပြီး နျူစွမ်းအင်အောင်မြင်မှုတွင်သိသာထင်ရှားသောအောင်မြင်မှူတစ်ခုလို့ဆိုရမည်။

ဤသေးငယ်သော Battery(ဓာတ်အားပေးစက်ရုံ)သည်အဆက်မပြတ်လျှပ်စစ်ထုတ်ပေးရန်အတွက် ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်များကို သေချာစမ်းသပ်ပြင်ဆင်ထားသည့်အတွက် အားပြန်သွင်းရန်လိုအပ်ချင်းမရှိဘူးလို့လဲသိရပါတယ်။

လက်ရှိတီထွင်မှုသည် အနှစ် 50 အထိအသုံးပြုနိုင်သော်လည်း ဆက်လက်စမ်းသစ်မှုများနှင့်ပေါင်းစည်းကာ အသုံးပြုနိုင်မည့်သက်တမ်းကို အနှစ် 100 အထိခံနိုင်လိမ့်မည်ဟုအံ့ဩဖွယ်ရာသိရှိရသည်။

ယခုတီထွင်ထားသော ဘက်ထရီသည် အလွန်ကျစ်ကျစ်လျစ်လျစ်ရှိပြီး တာရှည်ခံကာ၊ လူ့ပတ်ဝန်းကျင်အတွက် ဘေးကင်းပြီး မိုက်ခရိုအီလက်ထရွန်းနစ်၊ အာကာသစူးစမ်းလေ့လာရေးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအတွက်အဓိကရည်ရွယ်ထားတာလို့လဲဆိုထားပါတယ်။

ဤအောင်မြင်မှုသည် အလွန်သေးငယ်ပြီးမစ်ရှင်များနှင့် အရေးပါသည့်စဉ်ဆက်မပြတ်လျှပ်စစ်ဓါတ်အားလိုအပ်သောစက်ပစ္စည်းများအတွက်မရှိမဖြစ်လိုအပ်လာမည့် battery ဖြစ်လာလိမ့်မည်။