နားထောင်ကြည့်သင့်တဲ့ Spotify Playlist Part 2

နားထောင်ကြည့်သင့်တဲ့ Spotify Playlist Part 2
Photo by Muhammad-Taha Ibrahim / Unsplash
ဒီတစ်ပတ်တော့ နားထောင်သင့်တဲ့ Spotify Playlist အဆက်လေးပြောပြပေးပါမယ်။ ဒါ့အပြင် ကျွန်တော်အကြိုက်ဆုံး Playlist တွေကိုလည်း ကြားညှပ်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။

၁. Monday Motivation by Spotify

Monday Blue မှာရုံးတက်ရလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် ဒီPlaylist လေးကိုဖွင့်ပြီး နားကြပ်လေးတပ် ရုံးအသွား ကားပေါ်မှာဖြစ်ဖြစ်၊ ရထားပေါ်မှာဖြစ်ဖြစ် နားထောင်ဖို့အကြံပေးချင်ပါတယ်။(အိပ်လိုက်သွားတာမျိုးတော့မလုပ်နဲ့နော် :3) သီချင်းတွေက ခပ်မြူးမြူးမို့ အားလုံးရဲ့စိတ်ကို ပေါ့ပါးသွားစေတဲ့ Feeling ရစေမှာပါ

၂. Happy Chill songs to brighten your day by euquol

နေ့လည်ခင်းတွေမှာ ပျင်းခြောက်ခြောက်ဖြစ်နေရင် ဒီ Playlist လေးကိုဖွင့်ပြီး ခဏလောက် မျက်စိမှိတ်ပြီး နားထောင်ဖူးတဲ့သီချင်းပါလာရင် လိုက်ဆိုကြည့်လိုက်...သီချင်းတွေအများစုက 90's Vibe နဲ့ Beat တွေပါလို့ မြူးမြူးလေးနဲ့ ပျော်ဖို့ကောင်းနေမှာ သေချာပါတယ်

၃. Mellow Evening by Spotify

ညနေဖက် အလုပ်တွေပြီးလို့၊ အပြင်မသွားဖြစ်ပဲ အိမ်ပြန်ရောက်လာရင် ပင်ပင်ပန်းပန်း ခဏလောက် အိပ်ရာထဲလှဲပြီး သီချင်းနားထောင်မယ်ဆိုရင် ဒီ Playlist ကိုဖွင့်ပြီး အိပ်ရာထဲဖြစ်ဖြစ်၊ ဆိုဖာပေါ်ဖြစ်ဖြစ် လှဲချလိုက်...လွမ်းတတ်၊ဆွေးတတ်ရင် သတိတော့ထား၊ လောလောဆယ် ထိပ်ဆုံးကသီချင်းက Joji ရဲ့ Die for you

၄. Emotional Orchestral Music by Joel Domingos

ဒါကကျွန်တော်ရဲ့ All Time Fav ထဲကတစ်ခုဖြစ်ပါတယ်။ ဟင်းချက်နေရင်းဖြစ်ဖြစ်၊ အိမ်မှာတစ်ခုခုလုပ်နေတုန်းပဲဖြစ်ဖြစ်၊ ကျောင်းသွားနေတုန်းဖြစ်ဖြစ်၊ ညဖက်အိပ်မပျော်ရင်လည်း တစ်ခါတစ်လေဖွင့်ထားလိုက်မိတဲ့အထိ နားထောင်ဖြစ်ပါတယ်။ ခံ့ညားငြိမ့်ညောင်းတဲ့ Orchestra သံတွေကို နားဆင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်

၅. Morning Coffee Jazz Music by Chilled Jazz Masters

ဒီ Playlist နာမည်မှာ မနက်ခင်းလို့ ပါနေပေမယ့် ညဖက်မှာ မီးမှိန်မှိန်လေးနဲ့ ဝိုင်တစ်ခွက်စီကိုင်ပြီး ရည်းစားလေးနဲ့ အမှတ်တရညခင်းလေးတွေဖန်တီးမယ်ဆိုလည်း Perfect နော်။ ကျွန်တော်ကတော့ မနက်ခင်းမှာပဲ တစ်ယောက်ထဲ မနက်စာစားရင် နားထောင်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ