နောက်၅နှစ်မှာ AI ကိုထိန်းချုပ်ရန်ခက်ခဲနိုင်သည်ဟု AI Godfather သတိပေး

နောက်၅နှစ်မှာ AI ကိုထိန်းချုပ်ရန်ခက်ခဲနိုင်သည်ဟု AI Godfather သတိပေး

AI နည်းပညာဖန်တီးမှုတွင်အရေးပါပြီးအထင်ကရဖြစ်သူ Geoffrey Hinton ကို “AI ၏ GodFather” ဟုတင်စားခဲ့ကြဖူးပြီး သူက လူသားများအနေဖြင့် Artificial Intelligence (AI) အပေါ်ထိန်းချုပ်နိုင်မှုကို လာမည့်ငါးနှစ်အတွင်းခက်ခဲလာနိုင်သည်ဟုသတိပေးလာသည်။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် AI သည်၎င်းတို့၏ကိုယ်ပိုင်ကုဒ်ကို ပြန်လည်ရေးသားနိုင်သည့် စနစ်များ၏အန္တရာယ်ကိုမီးမောင်းထိုးပြခဲ့ပြီး သူ့တို့ကိုယ် သူတို့ပြန်လည်ထိန်းချုပ်နိုင်သည့်အဆင့်ထိရောက်ရှိလာမည်ဟုလဲသတိပေးထားသည်။

ယခုနှစ်အစောပိုင်းတွင် လွတ်လွတ်လပ်လပ်ပြောဆိုရန်အတွက် Google မှထွက်ခွာသွားပြီးနောက် အဆင့်မြင့် AI ၏ အတွင်းပိုင်းလက်တွေ့ကျကျလုပ်ဆောင်မှုများကို ထိပ်တန်းကျွမ်းကျင်သူများပင် နားလည်ရန် ရုန်းကန်နေရကြောင်း Hinton မှ မှတ်ချက်ပြုခဲ့သည်။

အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် AI ၏ အကျိုးကျေးဇူးကိုအသိအမှတ်ပြုနေစဉ်တွင် ၎င်းက ချက်ခြင်းအရေးကြီးသောစည်းမျဉ်းစည်းကမ်းများနှင့် AI နည်းပညာသုံး စစ်ဘက်စက်ရုပ်များအပေါ် ကမ္ဘာလုံးဆိုင်ရာစည်းမျဉ်းကန့်သတ်ချက်ဖြင့်တားမြစ်ရန်တောင်းဆိုခဲ့သည်။ 

AI ကိုလူ့အဖွဲ့အစည်းအတွက်အကျိုးရှိအောင်အသုံးချနိုင်ရေးအတွက် တရားဝင်ကြီးကြပ်သည့်အဖွဲ့အစည်းမရှိခြင်း၊ AI ကြောင့်ဖြစ်ပေါ်တက်သော အမှားသတင်းများကြောင့် လူ့အဖွဲ့အစည်းသည်အရေးကြီးသော လမ်းဆုံနေရာတစ်ခုတွင်ရှိနေကြောင်းကိုလည်း Hinton သည်သတိပေးခဲ့သည်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ