နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းရဲ့ ဒီရာသီအဖြစ်က မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ ဆိုရလေမလား ...

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်လုနီးနီးဖြစ်နေပြီး ရှုံးပွဲလုံး၀မရှိပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အသင်းက ကပ်ဆိုက်နေပါတယ်။

ဒီနေ့ ဘရန့်ဖို့ဒ်အသင်းကို (၃-၄)ဂိုးနဲ့ ရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲက မန်ယူနိုက်တက်အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ်(၆)ပွဲမှာ ဖောရက်စ်၊ နယူးကာဆယ်၊ ၀ုလ်ဗ်စ်၊ ဘရန့်ဖို့ဒ်အသင်းတွေကို ရှုံးခဲ့ပြီး မန်စီးတီး၊ ဘုန်းမောက်အသင်းတွေနဲ့ သရေကျခဲ့တာပါ။

ဒီလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ(၆)ပွဲဆက်တိုက်နိုင်ပွဲပျောက်တာမျိုးကို ဒီဆယ်စုနှစ်တစ်ခုအတွင်းမန်ယူနိုက်တက်အသင်းအနေနဲ့ တစ်ကြိမ်မှ မကြုံဖူးဘဲ ဒါက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်(၄-၃)မန်ယူနိုက်တက်ပွဲမှာ အိမ်ရှင်ဘရန့်ဖို့ဒ်အသင်းကို ခြေရည်တူကစားပြီး ဂိုးသွင်းခွင့်တွေလည်းပိုရခဲ့ပေမယ့် ဘရန့်ဖို့ဒ်အသင်းဘက်က ဝစ်ဆာ၊ ရှာဒေးအပါအဝင် တိုက်စစ်ကစားသမားတွေရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို မကာကွယ်နိုင်တဲ့အပြင် လုခ်ရှောက ပွဲချိန်(၂၇)မိနစ်မှာ Own Goal သွင်းမိပါသေးတယ်။

ဘရက်ဖို့ဒ်ရဲ့ ကျန်ဂိုးတွေကိုတော့ ပွဲချိန်(၃၃)မိနစ်နဲ့ (၇၀)မိနစ်တွေမှာ ရှာဒေး၊ (၇၄)မိနစ်မှာ ဝစ်ဆာတို့က သွင်းယူခဲ့တာပါ။ မန်ယူနိုက်တက်အတွက် ပွဲချိန်(၁၄)မိနစ်မှာ မောင့်၊ (၈၂)မိနစ်မှာ ဂါနာချိုနဲ့ (၉၀+၄)မိနစ်မှ အာမတ်တို့က သွင်းယူခဲ့တာပါ။

ဒီနေ့ (စနေနေ့) ကစားခဲ့တဲ့ အစ​ောပိုင်းပွဲတွေဖြစ်တဲ့ ဘရိုက်တန်-နယူးကာဆယ်၊ ဝက်စ်ဟမ်း-စပါးပွဲတွေက (၁-၁)ဂိုးရလဒ်တွေနဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

စနေနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရလဒ်များ

Brentford (4-3) Man Utd

Brighton (1-1) Newcastle

West Ham (1-1) Tottenham

Chelsea - Liverpool

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

■ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ဟာ ဒီလထဲမှာသူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ စပိန်

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)မှာ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ စပါးအသင်းကို (၅-၁

ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

Donald Trump ကိုယ်တိုင် အဲဒီဓါတ်ပုံကို White House Office Account ကနေ မျှဝေခဲ့လို့ ကတ်သလစ်ဘာသာဝင်တွေကြားထဲ ဝေဖန်မှုအတော်လေးမြင့်တက်နေပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံထဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘရန့်ဖို့ဒ် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (4 May 2025/ 7:30 pm) ဘရန့်ဖို့ဒ်က ရမှတ်(၄၉)မှတ်နဲ့ ပရီးမီးယားလိဂ်အဆင့်(၁၁)မှာရပ်တည်နေပြီး မန်ယူနိုက်တက်က ရမှတ်(၃၉)မှတ်