Solar စနစ်နဲ့ အားသွင်းနိုင်တာက စမတ်ဖုန်းတင်မကတော့ဘူး Laptop တွေလည်း ပါလာပါပြီ။ ကမ္ဘာ့ပထမဆုံးပြောလို့ရမယ့် နေစွမ်းအင်သုံး Laptop အမျိုးအစားအသစ်ကို Lenovo ကနေ မိတ်ဆက်လာတာပါ။ 

Yoga Solar PC လို့ အမည်ပေးထားတဲ့ ဒီ Laptop က အဖုံးမှာ ဆိုလာပြားတပ်ဆင်ထားတာပါ။ အဲ့ဒီကနေတဆင့် နေစွမ်းအင်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မိနစ် ၂၀ အားသွင်းထားရင် 1080p video တစ်ပုဒ်ကို ၁ နာရီလောက် ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ 

ဆိုလာပြားအပါကိုမှ အထူ 15.2 mm နဲ့ အလေးချိန်က 1.22kg သာရှိပါတယ်။  Intel Lunar Lake processor, Ram 32GB, Storage 1TB အထိပါနိုင်မယ်လို့လည်း ဆိုထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 3500 ဝန်းကျင်ဖြစ်ပါမယ်။ 

MWC 2025 မှာ မိတ်ဆက်ခဲ့တာဆိုတော့ ထုံးစံအတိုင်း concept တွေပါပဲ။ နောက်ထပ်သတင်းတွေ ထပ်ထွက်လာဖို့သာ မျှော်ရမှပါ...