“Netflix စီးရီး The Glory ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက် 6 ချက်”

“Netflix စီးရီး The Glory ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက် 6 ချက်”

၂၀၂၂ ခုနှစ် ၁၂လပိုင်း ၃၀ရက်နေ့ကမှ ထွက်ထားတဲ့ Netflix ရဲ့ နာမည်ကြီး “The Glory “ ဆိုတဲ့ ဒရမ်မာက စထွက်ကတည်းကနေ အခုထိ လူကြိုက်များနေဆဲ ကိုရီးယား ဒရမ်မာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ ဒီဇာတ်ကားရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် ၈ ချက်ကို ပြောပြပေးသွားမှာမို့လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက်ဖတ်ပေးကြပါဦးနော်။

1.ပထဦးဆုံးအနေနဲ့ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းဟာဆိုရင် ကိုရီးယားရဲ့ နာမည်ကြီး ဒရမ်မာတွေဖြစ်တဲ့ Descendants of the Sun ,Goblin,Secret Garden , Lovers in Paris အစရှိတဲ့ နာမည်ကြီး ဒရမ်မာတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဇာတ်ညွန်းရေးဆရာမ Kim Eun Sookက ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

2.Kim Eun Sook ဟာ ဒီဇာတ်ကားကို The Glory လို့ ပေးဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို press interview မှာ “ အနိုင်ကျင့်ခံခဲ့ရတဲ့ သူတွေဟာ သူတို့ ကြုံတွေ့ခံစားခဲ့ရတဲ့ နာကျင်မှုထပ် ကျူးလွန်တဲ့ သူတွေဆီကနေ စိတ်ရင်းနဲ့ တောင်းပန်မှုကိုပဲ လိုချင်ကြတာပါ အနိုင်ကျင့်ခံခဲ့ရတဲ့သူတွေဟာ သူတို့ ဆုံးရှုံးခဲ့တဲ့ ဂုဏ်သိက္ခာ ဂုဏ်ကျက်သရေတွေကို ပြန်လည်ရယူရင်း ကိုယ့်ကိုယ်ကို ပြန်လည်ထူထောင်တာက သူတို့အတွက် စစ်မှန်တဲ့ ပြန်လည် ထူထောင်ရေး ဖြစ်တယ်” လို့ ဖြေကြားခဲ့ပါတယ်။

3.မင်းသား Lee Do Hyun က အိမ်ပြန်ရောက်ရင် သူ့ရဲ့ အချစ်တော် ခွေးလေးနဲ့ အတူ ဇာတ်ညွှန်းအတွက် လေ့ကျင့်တယ်လို့လည်း သိရပါတယ်။ နောက်ပြီး ဇာတ်လမ်းက ဘယ်လောက်တောင် ကောင်းလဲဆို Lee Do Hyun က ဇာတ်လမ်း အဆုံး ဘယ်လိုပြီးသွားမလဲဆိုတာကို သိချင်တာကြောင့် ဇာတ်ညွှန်းကို တစ်ထိုင်တည်း ဖတ်ခဲ့ပါတယ်ဆိုပြီးလည်း ပြောထားပါသေးတယ်။

4.ဒါက Song Hye Kyo ရဲ့ပထမဦးဆုံး Thriller serie ပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဝါရင့်မင်းသမီးဆိုတဲ့ အတိုင်း သရုပ်ဆောင်တာကတော့ ပြောစရာမလိုအောင် ပီပြင်နေတာမို့လို့ ဒီလို ဇာတ်ကောင်ကို ပထမဦးဆုံး သရုပ်ဆောင်ဖူးတယ်လို့ ဘယ်သူကမှ ထင်မှာမဟုတ်ပါဘူး။

5.Song Hye Kyo က သူ့ရဲ့ ကာရိုက်တာအတွက် ကိုယ်တိုင်လည်း အကြံတွေ အများကြီး ပေးခဲ့ပါတယ်။ Dong Eun ရဲ့ အဝတ်အစား, ဆံပင်ပုံစံ , မိတ်ကပ် အစရှိတာတွေ ပြင်ဆင်တဲ့ နေရာမှာ Song Hye Kyoက အများကြီး ပါဝင်ခဲ့ပါတယ်။

6.နောက်ဆုံးအနေနဲ့ The Glory က အပိုင်းအားလုံး ၁၆ ပိုင်း ရှိတာဖြစ်ပြီး အခု part 1အနေနဲ့ (၈)ပိုင်း ထွက်ပြီးပြီဖြစ်ပါတယ်။ အားလုံး စောင့်မျှော်နေကြတဲ့ ကျန်တဲ့ Part 2 ကို လည်း လာမယ့် မတ်လမှာ ထွက်ရှိသွားမှာ ဖြစ်လို့ ဘယ်လောက်မှ မလိုတော့ဘူးနော်။

ဒီနေ့မျှဝေပေးခဲ့တဲ့ အကြောင်းအရာလေးကို အားလုံးလည်း ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ မကြည့်ရသေးတဲ့ သူတွေအနေနဲ့လည်း တစ်ကယ်ကို နောင်တ မရစေမယ့် ဒရမ်မာကောင်းလေး တစ်ခုဖြစ်မှာ အသေအချာပဲမို့လို့ Spoiler တွေ ဒီထက်ပိုပြီး မမိခင် ကြည့်လိုက်ကြတော့နော်။

#TheGlory#SongHyeKyo#facts#kdramalover#Netflix#akhayarlifestyle

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်