နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲခြင်းတွေမှာ AI ကို အသုံးပြုသွားမယ်ဖြစ်ကြောင်း ကြေညာခဲ့တာပါ။ တရားဝင်ကြေညာခဲ့တာကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၂ မှာပါ။ 

ဒီဆုံးဖြတ်ချက်ကို UAE ရဲ့ တရားဝင်အဖွဲ့အစည်းအသစ်ဖြစ်တဲ့ Regulatory Intelligence ဆိုတဲ့ ဝန်ကြီးအဖွဲ့ဖြစ်လာပြီးနောက် ချမှတ်ခဲ့တာပါ။ ဒီဝန်ကြီးအဖွဲ့ကနေ AI ကို အသုံးပြုပြီး ဥပဒေအသစ်များရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲခြင်းတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းဥပဒေများ ပါဝင်တဲ့ Database အကြီးစားတစ်ခုတည်ဆောက်မှာဖြစ်ပြီး အစိုးရရဲ့ အခန်းကဏ္ဍ ၂၀ ကျော်မှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

UAE ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum ကတော့ ဒီအစီအစဉ်ဟာ "AI နဲ့ အသစ်စီမံထားသော ဥပဒေစနစ်" ဖြစ်ပြီး "ဥပဒေများ ဖန်တီးပုံကို ပြောင်းလဲပေးကာ လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ပြီး တိကျစေမယ့်အပြင် UAE ရဲ့ ခေတ်သစ်တစ်ခုကို စတင်ပေးမှာပါ” လို့ ဆိုထားပါတယ်။ နိုင်ငံတကာစံနှုန်းများနဲ့အညီ ဥပဒေဆိုင်ရာအချက်အလက်များကို AI နဲ့ တိကျမှန်ကန်စွာ ပြုပြင်သွားမှာဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။ 

UAE မှာက အစိုးရနဲ့ပတ်သက်တဲ့လုပ်ငန်းခွင်တိုင်းမှာ AI ကို တော်တော်လေးအသုံးချလာတာက မနှစ်ကတည်းကလို့ ဆိုရမှာပါ။ (ဥပမာ - AI ရဲစက်ရုပ်လိုမျိုး) AI ကို ထိန်းချုပ်ဖို့ Ministry of State for Artificial Intelligence, Digital Economy, and Remote Work Applications ဆိုတဲ့ဝန်ကြီးဌာနတစ်ခုကိုတောင်ဖွဲ့စည်းထားတာဖြစ်ပြီး 2017 လောက်က စတင်ဖွဲ့စည်းခဲ့တယ်ဆိုပေမဲ့ တရားဝင်ဖြစ်လာတာကတော့ 2024 ဒီဇင်ဘာလောက်ကလို့ပဲ ဆိုရမှာပါ။ 

Read more

Barcelona  (3 -3) Inter Milan  UEFA Champions League (Semi Final/1st leg)  Highlight

Barcelona (3 -3) Inter Milan UEFA Champions League (Semi Final/1st leg) Highlight

0:00 /0:39 1× ■ Video - မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ ဘာစီလိုနာ (၃-၃)အင်တာမီလန်ပွဲမှာ အင်တာမီလန်အသင်းအတွက် သူရမ်ရဲ့နောက်ပေါက်ဂိုး(၁ မိ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) ဘာစီလိုနာ (၃-၃)အင်တာမီလန် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)က ဒီနှစ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။ လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘာစီလိုနာ - အင်တာမီလန် (1 May 2025/ 1:30 am) ဘာစီလိုနာက လာလီဂါဇယားထိပ်ဆုံးမှာ လက်ရှိချန်ပီယံရီးရဲလ်မက်