Update တွေဆက်ထွက်လာဖို့မရှိတော့တဲ့ Crash Team Racing: Nitro-Fueled

Update တွေဆက်ထွက်လာဖို့မရှိတော့တဲ့ Crash Team Racing: Nitro-Fueled

မြေခွေးကားမောင်းလို့ ကျွန်တော်တို့ငယ်ငယ်ကခေါ်ကြတဲ့ Crash Team Racing ရဲ့ နောက်ဆုံးထွက် ဂိမ်းတစ်ခုဖြစ်တဲ့ Crash Team Racing: Nitro-Fueled မှာတော့ Update တွေဆက်ထွက်လာဖို့မရှိတော့ပါဘူး။ ဒီသတင်းကို CTR ဂိမ်းကို Develop ပြုလုပ်နေတဲ့ Beenox ကနေပြီးတော့ Twitter ကနေသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

CTR: Nitro-Fueled ဂိမ်းကို ဇွန်လ ၂၁ ရက်၊ ၂၀၁၉ တုန်းက ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး Nintendo Switch၊ PS4 နဲ့ Xbox One စ တဲ့ Platform တွေမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ Kart Racing ဂိမ်းတစ်မျိုးလည်းဖြစ်ပြီးတော့၊ Mario Kart နဲ့အပြိုင်ထွက်ရှိလာတဲ့ ဒီဂိမ်းဟာ လူငယ်တွေနဲ့ 90’s Born တွေအကြား အတော်ခေတ်စားတဲ့ ဂိမ်းတစ်မျိုးလည်းဖြစ်ပါတယ်။

ဘာကြောင့်အခုလိုမျိုး Update ဆက်မထွက်ရတော့တာလဲဆိုတာကို Beenox က ရှင်းပြထားပါတယ်။ Beenox အနေနဲ့ Crash Bandicoot (မြေခွေးလမ်းလျှောက်) ဂိမ်းအသစ်တစ်ခုဖြစ်တဲ့ Crash Bandicoot 4: It’s About Time ကိုပြင်ဆင်နေပြီးတော့ အခြား Project များစွာကို တာဝန်ယူနေရတာကြောင့် အခုလိုမျိုး Update တွေပေးနေတာကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

မတ်လတုန်းက Update ကတော့ နောက်ဆုံး Update ဖြစ်သွားပေမယ့်လည်း Online Multiplayer တွေ၊ Leaderboards တွေ၊ Game Modes တွေ စ တဲ့ Features တွေကတော့ ဆက်လက်ရှိနေမှာပါလို့လည်း ပြောကြားသွားပါသေးတယ်။ Crash Bandicoot 4 ကိုတော့ အောက်တိုဘာ ၂ ရက်မှာ စ တင်မိတ်ဆက်ပေးသွားဖို့ရှိပြီး၊ ဒီဂိမ်းကို ပြသဖို့ကို မစောင့်နိုင်တော့ဘူးလို့လည်း Beenox ကပြောကြားထားပါတယ်။

Ref: Destructoid

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ