Nothing Phone 3 ဇူလှိုင် ၁ ရက်မှာ မိတ်ဆက်မယ်

နောက်မီးမလင်းတော့ဘဲ dot-matrix display ပါလာမယ့် Nothing Phone 3 ကို ဇူလှိုင် ၁ ရက်မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ Nothing CEO ကနေ စက်တင်ဘာလမတိုင်ခင် မိတ်ဆက်မယ်လို့ ပြောခဲ့ပေမဲ့ ဇူလှိုင် ၁ ရက်နေ့ဆိုတော့ တော်တော်လေး စောတယ်လို့ပဲပြောရမှာပါ။ 

ဒီဇိုင်းနဲ့ပတ်သက်ပြီး အရိတ်အမြွတ်တစ်ချို့ပြခဲ့တဲ့အပြင် ဒီတစ်ခေါက် Phone 3 မှာတော့ ‌Glyph LED (နောက်မီးလင်း) မပါဝင်ဖို့ကို အတည်ပြုခဲ့ပါသေးတယ်။ နောက်ပြီး အင်တာနက်ပေါ်က အချို့ကတော့ dot- matrix Display ပါလာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဒါမှမဟုတ် တခြား Feature အသစ်ကိုပဲ ထည့်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

Nothing Phone 3 ကို Premium Materials တွေ သုံးထားတဲ့ Flagship မော်ဒယ်လို့ ပြောထားပြီး ဒေါ်လာ 1000 ဝန်းကျင်လောက်နဲ့ လာနိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ထားပါတယ်။ နောက်ပြီး Nothing Headphone (1) ဆိုတဲ့ over ear headphone ကိုလည်း Phone 3 နဲ့အတူ မိတ်ဆက်သွားမှာပါ။