“We killed the Glyph Interface” ဆိုတဲ့စာသားကိုတော့  X မှာရှိတဲ့ Nothing Official Account ကနေ ဖော်ပြလာပါတယ်။ အဲ့ဒီနောက်မှာတော့ Nothing Phone 3 ရဲ့ Concept Design ထွက်လာပါတယ်။

Premium Material တွေသာသုံးထားမယ့် ဒေါ်လာ 1000 ဝန်းကျင် Nothing Phone 3 ကတော့ နောက်မီးလင်းဖို့ သိပ်မသေချာတော့ပါဘူး။ နောက်မီးလင်းတာက Nothing ရဲ့ Signature လို့တောင် ပြောရမှာမို့ Phone 3 မှာ နောက်မီးမလင်းခဲ့ရင်တောင် အခြားထူးခြားမှုတစ်ခုခုပါလာမယ်လို့ မျှော်လင့်ရမှာပါပဲ။ 

Nothing Phone 3 ကိုတော့ Nothing က ဖော်ပြပုံအရ လာမယ့်ဇူလှိုင်မှာ တွေ့ရတော့မှာပါ။ အခုဆိုရင်လည်း Teaser Campaign တွေ တွေ့မြင်နေရပါပြီ။ Phone 3 မှာတော့ Qualcomm Snapdragn 8 Gen 3 ဒါမှမဟုတ် 8s Elite နဲ့ လာမယ်လို့ ခန့်မှန်းထားကြပါတယ်။