Nothing Phone (3a) Lite နိုဝင်ဘာ 4 ရက်မှာ ထွက်လာဖို့ရှိ
Nothing Phone (3a) series မှာ Phone (3a) နဲ့ Phone (3a) Pro ပါဝင်ပြီး 2025 နှစ်ကုန်မှာ Phone (3a) Lite လည်း ပါဝင်လာမယ်လို့ ပြီးခဲ့တဲ့အပတ်က သတင်းထွက်ခဲ့ပါတယ်။ အခု ပြင်သစ်ဝက်ဘ်ဆိုက်တစ်ခုက Lite မော်ဒယ်ဟာ နိုဝင်ဘာ 4 ရက်မှာ ဥရောပမှာ ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။
ပြင်သစ် Dealabs သတင်းဌာနအရ Nothing Phone (3a) Lite ဟာ ပြင်သစ်မှာ €249.99 ဖြစ်မယ်လို့ သိရပြီး အခြားဥရောပနိုင်ငံအချို့မှာတော့ €239.99 အနိမ့်ဆုံးစျေးနှုန်းနဲ့ ရရှိနိုင်ပါတယ်။ ဒါဟာ 8GB RAM နဲ့ 128GB storage ပါတဲ့ တစ်ခုတည်းသော မော်ဒယ်ရဲ့ စျေးနှုန်းဖြစ်ပြီး အနက်နဲ့ အဖြူရောင် နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။
A001T မော်ဒယ်နံပါတ်ပါတဲ့ Nothing စက်တစ်လုံးဟာ Phone (3a) Lite ဖြစ်နိုင်တယ်လို့ ယူဆရပြီး Geekbench မှာ ပေါ်လာခဲ့ပါတယ်။ Benchmark စမ်းသပ်မှုမှာ MediaTek Dimensity 7300 SoC နဲ့ စွမ်းဆောင်ပြီး Android 15 run နေကာ 8GB RAM ပါဝင်တာ တွေ့ရပါတယ်။ Mali-G615 MC2 GPU နဲ့လည်း တွဲဖက်အသုံးပြုမှာ ဖြစ်ပါတယ်။
Geekbench ရဲ့ single-core test မှာ 1,003 မှတ်နဲ့ multi-core test မှာ 2,925 မှတ် ရရှိခဲ့ပါတယ်။ နောက်တစ်ကြိမ် run မှာတော့ 1,023 နဲ့ 2,920 မှတ် ရခဲ့ပါတယ်။ GPU performance အရ OpenCL benchmark မှာ 2,467 မှတ် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီမှတ်တွေက အခြား Dimensity 7300 သုံးတဲ့ ဖုန်းတွေထက် နည်းပေမယ့် prototype နဲ့ pre-release software သုံးထားလို့ ဖြစ်နိုင်ပြီး retail unit မှာ ပိုကောင်းတဲ့ performance မျှော်လင့်နိုင်ပါတယ်။ Nothing က ဒီ smartphone အသစ်ကို ကမ္ဘာတစ်ဝန်း စျေးကွက်အတွက် ထုတ်လုပ်မယ်လို့ လည်းသိရပါတယ်။
Nothing Phone (3a) Lite နိုဝင်ဘာ 4 ရက်မှာ ထွက်လာဖို့ရှိ
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion