Nothing က သူတို့ရဲ့ ပထမဆုံး entry-level smartphone ကို ဒီနေ့မှာ ထုတ်လုပ်လိုက်ပါတယ်။ Nothing Phone (3a) Lite ဟာ Nothing brand ရဲ့ အသက်သာဆုံး smartphone ဖြစ်ပါတယ်။
Nothing က CMF branding အောက်မှာ စျေးသက်သာတဲ့ ဖုန်းတွေ ရှိခဲ့ပေမယ့် အဲဒါက sub-brand ဖြစ်ပါတယ်။ အခု Nothing Phone (3a) Lite က Nothing ရဲ့ ကိုယ်ပိုင်နာမည်နဲ့ visual identity ကို ယူဆောင်လာပါတယ်။ OnePlus ပူးတွဲတည်ထောင်သူ Carl Pei တည်ထောင်ခဲ့တဲ့ လန်ဒန်အခြေစိုက် brand အနေနဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ Flagship တွေက ကောင်းပေမယ့် အသုံးပြုသူအနည်းငယ်သာ ဝယ်ယူနိုင်ပြီး၊ စျေးသက်သာတဲ့ ဖုန်းတွေကတော့ လူအများစုအတွက် ဝယ်ယူနိုင်တာကြောင့် Nothing အတွက် လူအများကို ဆွဲဆောင်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
Nothing Phone (3a) Lite ဟာ CMF Phone 2 Pro နဲ့ ဆင်တူပေမယ့် ရိုးရိုး rebrand မဟုတ်ပါဘူး။ (3a) Lite မှာ telephoto camera ပါဝင်မှာမဟုတ်ဘဲ Nothing ရဲ့ signature transparent glass back နဲ့ notification အတွက် သတိပေးတဲ့ Glyph light တစ်ခု ပါဝင်ပါတယ်။
ဖုန်းမှာ 6.77 လက်မ AMOLED screen ပါဝင်ပြီး 120Hz refresh rate နဲ့ FHD+ resolution ရှိပါတယ်။ Brightness က ပုံမှန် 800 nits နဲ့ အမြင့်ဆုံး 3,000 nits ရှိပြီး Panda Glass နဲ့ ကာကွယ်ထားပါတယ်။ under-display fingerprint scanner နဲ့ 16MP selfie camera ပါဝင်ပါတယ်။
Processor အနေနဲ့ Nothing ဖုန်းတွေမှာ ပုံမှန်သုံးတဲ့ Qualcomm အစား MediaTek Dimensity 7300 Pro ကို သုံးထားပါတယ်။ 8GB RAM နဲ့ 128GB သို့မဟုတ် 256GB storage ပါဝင်ပြီး microSD card နဲ့ လည်း storage ကိုတိုးနိုင်ပါသေးတယ်။ Mid-range ဖုန်းတွေမှာ ဒီ feature ပျောက်နေခဲ့တာကြာနေပေမယ့် Nothing က ပြန်ထည့်ပေးလိုက်ပါတယ်။
နောက်ဘက်မှာ 50MP main camera (OIS)၊ 8MP ultrawide နဲ့ 2MP macro camera ပါဝင်ပါတယ်။ အားနည်းချက်တစ်ခုက Android 16 အစား Android 15 နဲ့ ထွက်ရှိလာတာပါ။ ဒါပေမယ့် Nothing က Android update အကြီးစား 3 ခုနဲ့ security update 6 နှစ် ပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါဆိုရင် Android 16, 17, 18 ရမှာဖြစ်ပြီး 2031 အထိ security patch တွေ ရမှာပါ။
Battery က 5,000mAh နဲ့ 33W fast charging ပါဝင်ပါတယ်။ အနက်နဲ့ အဖြူရောင် နှစ်မျိုး ရရှိနိုင်ပြီး 8/128GB မော်ဒယ်က $249/€249/£249 နဲ့ 8/256GB က $279/€279/£279 ဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ရောင်းချမှု စတင်နေပါပြီ။
Nothing ရဲ့ ပထမဆုံး Entry-Level ဖုန်းဖြစ်လာမယ့် Nothing Phone (3a) Lite ထွက်ရှိ
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion