One UI 8 လည်း ရတော့မှာလား

One UI 8 လည်း ရတော့မှာလား

One UI 7 တောင် မရသေးတဲ့ ဖုန်းမော်ဒယ်တွေရှိသေးတယ်။ ရတဲ့မော်ဒယ်တွေလည်း ပူပူနွေးနွေးလေးပဲ ရှိသေးတာကို One UI 8 က ထွက်ဖို့ ရယ်ဒီဖြစ်နေတဲ့အပြင် မကြာခင်ထွက်မယ့် Galaxy Z Fold 7 နဲ့ Z Flip 7 နဲ့အတူ ရောက်ချလာတော့မယ့်ပုံစံပါပဲ။ 

Samsung အနေနဲ့ One UI 7 တောင် Galaxy S24 series မှာ အနည်းငယ်ပြဿနာတက်နေလို့ ဖြေရှင်းနေရပေမဲ့လည်း One UI 8 နဲ့ပတ်သက်ပြီး လုပ်ဆောင်တာတွေကတော့ ရပ်တန့်ထားခြင်းမရှိတဲ့ပုံပါပဲ။ နောက်ပြီး အရင်လို One UI 7.1/ 7.1.1 ဆိုပြီး ထုတ်မှာမဟုတ်ပဲ One UI 8 ဆိုပြီး ဖြစ်သွားမှာပါ။ အင်တာနက်ပေါ်မှာတော့ One UI 7 ထွက်လာတာ နောက်ကျတဲ့အတွက်လို့ ခန့်မှန်းထားကြပါတယ်။

အခု One UI 8 ထွက်ဖို့ကလည်း Samsung ဘက်က တရားဝင်ကြေညာထားတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း One UI 8 ရမယ့် မော်ဒယ် list ကအစ ထွက်ထားပါတယ်။ နောက်ပြီး One UI 8 မှာ တွေ့ရမယ့် Gallery, Quick Share ပုံစံတွေလည်း leak ဖြစ်ထားပါတယ်။

One UI 8 ကတော့ Android 16 အပေါ် အခြေခံထားမှာပါ။ Google ဘက်ကလည်း Android 16 ကို ဇွန် ဒါမှမဟုတ် ဇူလှိုင်မှာ မိတ်ဆက်သွားဖို့ ပြောထားတာဆိုတော့ အဲကာလပိုင်းမှာ တွေ့ရဖို့များပါတယ်။ 

Read more

Athletic Club (0-3) Manchester United  UEFA Europa League (Semi Final/1st leg) Highlight

Athletic Club (0-3) Manchester United UEFA Europa League (Semi Final/1st leg) Highlight

0:00 /0:45 1× ■ Video - မနေ့ကကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ဘီလ်ဘာအို (၀-၃)မန်ယူနိုက်တက်ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ကက်စီမီရိုရဲ့ခေါင်းတိ

All English Final လမ်းကြောင်းကို ဦးတည်လာတဲ့ မန်ယူနိုက်တက်နဲ့ စပါးရဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပကျော့)နိုင်ပွဲ

All English Final လမ်းကြောင်းကို ဦးတည်လာတဲ့ မန်ယူနိုက်တက်နဲ့ စပါးရဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပကျော့)နိုင်ပွဲ

ယူရိုပါလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘီလ်ဘာအို (၀-၃) မန်ယူနိုက်တက် စပါး (၃-၁) Bodo/Glimt မနေ့ကကစားခဲ့တဲ့ ယူရိုပါလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်း(၂)သင်းစလုံး ပြ

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြ

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့