One UI 8 မှာ Now Brief ကို အသံနဲ့နားထောင်နိုင်ပြီ

OneUI8 မှာ Bixby ကို Upgrade လုပ်ထားတဲ့ Now Brief ဆိုတဲ့ Feature က အခုဆိုရင် အသံနဲ့ပါ နားထောင်နိုင်ပြီလို့ ဆိုလာပါတယ်။ ပြီးတော့ Now Brief ဆိုတာကနေ Listen Brief ဆိုပြီးပါ နာမည်ပြောင်းထားပါတယ်။ တော်တော်များများတွေ့တာကတော့ Now Brief က သိပ်မသုံးတဲ့ Feature လို့တော့ ဆိုထားပေမဲ့ ဘယ်လိုအလုပ်လုပ်လဲကို OneUI8 ရတဲ့ Samsung user တွေ စမ်းကြည့်ပါဦ။ 

Now Brief က ဘာလဲလို့ အရင်ဆုံးမြင်သာအောင် ပြောရရင် Bixby ပါပဲ။ Bixby ကို upgrade လုပ်လိုက်တဲ့သဘောပါ။ ဒီ feature က daily ativity ကို ပြောပြတာမျိုးပါ။ ဥပမာ မနက်နိုးတာနဲ့ ကိုယ်ဘက်က Hi Good Morning လို့ ပြောလိုက်ရင် Now Brief ကနေ ဒီနေ့အတွက် လုပ်စရာအချို့ကို remind လုပ်တာတွေ ရာသီဥတုအခြေအနေတွေ ဖော်ပြတာပါ။ ညဆိုလည်း Night Summary လို့ ပြောလိုက်ရင် တစ်နေ့တာ ကိုယ်ဘာလုပ်ခဲ့တဲ့ ပြန် recall လုပ်ပေးတာမျိုးပါ။ 

အခုက အာ့လိုမျိုးကို Display ကတဆင့် ဖော်ပြတာမျိုးတင်မကဘဲ အသံနဲ့ပါ သင့်ကို ပြောပြမှာပါ။ ဒီ feature ကို သုံးမယ်ဆိုရင် Text-to-Speech Engine ဆိုပြီး ရွေးသုံးရုံပဲ။ ပြီးတော့ Play / Pause / Stop လုပ်နိုင်တယ်။ လောလောဆယ် ဒီ feature ကို Galaxy S24 Series ကနေ စရမယ်လို့ ဆိုထားတယ်။ ကျန်တဲ့ မော်ဒယ်တွေကတော့ မကြာခင်ပေါ့ ။