Online Tutorial ကြည့်ပြီးသွားဆေးခန်းဖွင့်ကုသလို့ဖမ်းဆီးအရေးယူခံရသူ

Czech သမ္မတနိုင်ငံ Havlíčkův Brod တွင် အသက် 22 နှစ်အရွယ် အမျိုးသားတစ်ဦးသည် 2023 ခုနှစ်မှစတင်၍ ၎င်း၏နေအိမ်တွင်လိုင်စင်မဲ့ သွားဆေးခန်းတစ်ခုဖွင့်လှစ်ကုသခြင်းကြောင့်ဖမ်းဆီးအရေးယူခံခဲ့ရသည်။

အဆိုပါအမျိုးသားသည် Online Tutorial များကိုကြည့်ပြီး သွားနှုတ်ခြင်း၊ အမြစ်ဖြတ်ခြင်းနှင့် မေ့ဆေးပေးခြင်းတို့ကဲ့သို့သောရှုပ်ထွေးသေလုပ်ထုံးလုပ်နည်း များကိုလုပ်ဆောင်ခဲ့သည်။တရားမဝင်ဆေးခန်းသုံးပစ္စည်းများပံ့ပိုးပေးသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ခြေတုလက်တုပြုလုပ်သူ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးတို့က ကူညီဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့သုံးဦးသည် လူနာဒါဇင်ပေါင်းများစွာကို ကုသပေးခဲ့ပြီးဒေါ်လာ ၁၈၅,၀၀၀ ခန့်ရရှိခဲ့သည်။

အဆင်မပြေမှုများကြုံတွေ့ခဲ့ရသော လူနာတစ်ဦးသည် လိုင်စင်ရသွားဆရာဝန်ထံ ထပ်မံကုသမှုခံယူပြီးနောက် တရားမဝင်ကုသမှုကိုဖော်ထုတ်တွေ့ရှိခဲ့သည်။Czech နိုင်ငံရဲတပ်ဖွဲ့က တရားမ၀င်စီးပွားရေးလုပ်ဆောင်မှု၊ ငွေကြေးခဝါချမှု၊ လက်ရောက်ကြိုးစားမှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးမှု (ခွင့်ပြုချက်မရှိဘဲ မေ့ဆေးကြောင့်) နှင့် ခိုးမှုတို့ခေါင်းစဉ်ဖြင့် အဆိုပါ ၃ ဦးလုံးကို တရားစွဲဆိုထားသည်။

အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် ၎င်းတို့သည် ထောင်ဒဏ် ရှစ်နှစ်အထိ ကျခံရမည်ဖြစ်သည်။ ဒေသဆိုင်ရာသတင်းစာ Deník မှအစီရင်ခံတွင် တရားမဝင်ကုသခြင်းနောက်ဆက်တွဲပြဿနာများကိုမီးမောင်းထိုးပြပြီးနိုင်ငံတွင် သွားဆရာဝန်ရှားပါးမှုကြားတွင်နှစ်စဉ်သွားဆရာဝန်အတု ၁၀ ဦးခန့်ကို Czech Dental Chamber မှနှစ်စဉ်ဖမ်းစီးရမိသည်ဟုသိရှိရသည်။