Mobile Wallet တွေမရှိခင်တုန်းက ပိုက်ဆံလွှဲ၊ ပိုက်ဆံထုတ်ရတဲ့ အခါမျိုးတွေဆို ဘဏ်ကို အချိန်ပေးပြီး မဖြစ်မနေသွားကြရပါတယ်။ ဒီအထဲမှာတော့ ရုံးဝန်ထမ်းတွေကတော့ ဘဏ်သွားရမဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ညစ်ရတဲ့အထဲမှာထိပ်ဆုံးကသူတွေပါ။ ဘဏ်သွားချင်ပေမဲ့ လည်း အချိန်ကမရ၊ ကိုယ်စားလွှတ်လည်းစိတ်မချ၊ ကိုယ်တိုင်သွားချင်ပြန်တော့လည်း ရုံးဆင်းချိန်ဆို ဘဏ်တွေကပိတ်သွားပါပြီ။ ရုံးသမားတွေအတွက် ဘဏ်ကို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ကိုယ်တိုင်သွားဖို့ အခွင့်အရေးက ခွင့်ယူမှပဲ သွားလို့ရမဲ့ အခြေအနေပါ။ အခုလို COVID ဖြစ်နေတဲ့ အချိန်မျိုးမှာဆို အစစအရာရာသတိထားရတဲ့ အတွက် ဘဏ်သွားရမဲ့ ကိစ္စက အကြီးမားဆုံး အခက်အခဲဖြစ်နေပါတယ်။

နောက်ပိုင်းမှာ နည်းပညာတွေရဲ့ အကူအညီနဲ့ ဘဏ်တွေကလုပ်တဲ့ Mobile Banking နဲ့ Telecom Company တွေရဲ့ မိုဘိုင်းပိုက်ဆံအိတ် (E-wallet) တွေပေါ်လာတဲ့ အခါမျိုးမှာ ရုံးဝန်ထမ်းတွေအဖို့ တော်တော်အဆင်ပြေလာပါတယ်။ အချိန်ပေးပြီး ဘဏ်သွားစရာလည်းမလိုတော့တဲ့ အတွက် အချိန်ပိုတွေထွက်လာပါတယ်။ ပြီးတော့ COVID ကာလမှာ မလိုအပ်ပဲ လူများတဲ့နေရာ သွားစရာမလိုတဲ့ အတွက် ကောင်းမွန်တဲ့ Social Distancing လည်းဖြစ်စေပါတယ်။COVID ကာလမှာ ဖုန်းဘေလ် က စပြီး ငွေလွှဲ၊ ငွေထုတ်တွေအထိ အားလုံးကို ငွေသားကိုင်စရာမလိုဘဲ ကိုယ့်ရဲ့ phone ထဲကနေ ပေးနိုင်တဲ့အတွက် ဘဏ်သွားရတဲ့ အခက်အခဲကို ဖြေရှင်းပြီးသားဖြစ်သွားပါပြီ။

ဒီလိုမျိုး မိုဘိုင်းပိုက်ဆံအိတ် တွေထဲကမှ သုံးရလွယ်ကူတဲ့ M-ပိုက်ဆံ ဆိုတဲ့ application လေးကိုတော့ အလုပ်များတဲ့ ဝန်ထမ်းတွေအတွက် recommend ပေးချင်ပါတယ်။ M-ပိုက်ဆံဆိုတာက မြန်မာနိုင်ငံရဲ့ အကြီးဆုံး operator တွေထဲက တစ်ခုဖြစ်တဲ့ Ooredoo ရဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုပဲဖြစ်ပါတယ်။
M-ပိုက်ဆံက ဘဏ်မှာလို စာရွက်စာတမ်းတွေနဲ့ အချိန်တစ်ခုပေးပြီး ငွေလွှဲ၊ ငွေထုတ်လုပ်စရာ မလိုတဲ့အပြင်၊ ငွေပမာဏ အများကြီးကိုလည်း application ထဲကနေတစ်ဆင့် ကိုယ်နဲ့မကွာ သွားလေရာကိုယူသွားလို့ရပါတယ်။ M-ပိုက်ဆံကို မိုဘိုင်းလ်ဖုန်းအသုံးပြုတဲ့ သူတိုင်း Ooredoo ရဲ့ M-ပိုက်ဆံ ကိုယ်စားလှယ်ဆိုင်မှာ ငွေလွှဲ၊ ငွေထုတ်တွေကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့ အပြင် ငွေကြေးကိစ္စများကို လုံခြုံစွာဆောင်ရွက်နိုင်မှာပဲ ဖြစ်လို့ COVID ကာလမှာ အသုံးဝင်တဲ့ E-wallet လေးတစ်ခုပါပဲ။ငွေထုတ်တဲ့အခါမှာလည်း မှတ်ပုံတင်အသုံးပြုပြီးမှသာထုတ်လို့ရတာမို့ security ပိုင်းနဲ့ ပတ်သတ်ပြီး သုံးစွဲသူများအပေါ် အလေးထား တဲ့စိတ်ကိုတွေ့ရပါတယ်။ ဒီလိုမျိုး မိုဘိုင်းပိုက်ဆံအိတ် လေးတွေကြောင့် ဘဏ်သွားဖို့ အချိန်ပေးရတဲ့ ရုံးဝန်ထမ်းတွေရဲ့ ငွေကြေးကိစ္စတွေကို အထောက်အကူပေးရာရောက်တဲ့အတွက် E-wallet လေးတွေသုံးဖို့ အကြံပြုလိုက်ပါတယ်နော်။ M-ပိုက်ဆံလေးအကြောင်း အသေးစိတ်သိချင်ရင်တော့ https://ooredoo.com.mm/portal/mm/mpitesan မှာ ဝင်ကြည့်လို့ရပါတယ်။
Discussion