OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထားကြောင်းသိရသည်။

OpenAI အမှုဆောင်အရာရှိချုပ် Sam Altman က Meta သည် ၎င်း၏အဖွဲ့အား စွဲမက်ဖွယ်ကမ်းလှမ်းမှုများကို ပြုလုပ်ခဲ့သော်လည်း OpenAI ၏ ထိပ်တန်း၀န်ထမ်းတစ်ဦးမှ ၎င်းတို့ကိုယခုအချိန်အထိ လက်ခံခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ 

Meta ၏ AI နည်းပညာတိုးတက်ရေးအတွက် လုပ်ဆောင်မှုများထဲတွင် Scale AI သို့ $14.3 ဘီလီယံ ရင်းနှီးမြှုပ်နှံမှု နှင့် superintelligence အဖွဲ့အသစ်ကို ဦးဆောင်စေရန် Alexandr Wang ကိုခန့်အပ်မှုတို့လည်းပါဝင်သည်။

Altman ကလည်း Meta သည် OpenAI အတွက် အကြီးမားဆုံးသော ပြိုင်ဘက်အဖြစ် မြင်ကြောင်းမှတ်ချက်ပေးထားသည်။